Part(3)

1.1K 79 2
                                    

ဒဏ္ဍာရီထဲက လနတ်သမီးအလား။မီးခိုးရောင်ဆံပင်၊ပျားရည်ကဲ့သို့ ညိုလည်းမညို ၊ဝါလည်းမဝါသော မျက်လုံးအရောင်၊ဖြူစွတ်နေသောအသားရေပေါ်၌ပန်းရောင်သန်းနေသော ပါးမို့မို့လေးနဲ့ နှုတ်ခမ်းတစ်စုံတို့က အိပ်မက်ဆန်လှတယ်။မြစိမ်းရောင် T shirt ဝတ်ထားပြီး အမဲရောင်စကတ်တို့က သူမရဲ့အလှကိုပိုရင့်ကျက်စေတယ်။သူမရဲ့ မပြုံးတပြုံး နှုတ်ခမ်းက ဖေးခတိန်ရဲ့ရင်ထဲကို အမည်မသိလှိုင်းတစ်ခုရိုက်ခတ်သွားစေခဲ့တယ်။

စားပွဲခုံပေါ်မှာ တင်ထားတဲ့မှန်ပြားမှာထွင်းထားတဲ့နာမည်က CEOလောဝ်လွန်မြူဆိုင်း။

"မင်းကအသစ်လာတဲ့bodyguardမလား။ဒါကမင်းလုပ်ရမယ့်အလုပ်ဘဲ။ကြည့်လိုက်။မင်း ဝင်ငွေကိုမကြိုက်ရင် သိန်း၂၀၀ထိတောင်းလို့ရတယ်။မင်းမတော်တဆသေသွားခဲ့ရင် မင်းရဲ့ကျန်ခဲ့တဲ့မိသားစုဝင်တွေကိုပံ့ပိုးပေးလို့ရတယ်။"လို့ လောဝ်လွန်က ဖေးကို စာရွက်စာတမ်းကမ်းပေးရင်းတည်ငြိမ်တဲ့အသံနဲ့ပြောလိုက်တယ်။
စာရွက်ထဲမှာ

၁။ဥက္ကဌကိုဘယ်အခြေအနေဖြစ်ဖြစ်ကာကွယ်ရမည်။
၂။အတွင်းရေးမှူး နေယံတိုက်လွှာရဲ့ အလုပ်ကိုတစ်ဝက်တိတိတာဝန်ယူကူရမည်။
၃။အလုပ်စဝင်တဲ့ရက်ကစပြီးနောက်နှစ်အထိ အလုပ်ခွင့်၊ပိတ်ရက်မရှိ။

ဖေးက စာရွက်ကိုကြည့်ရင်း"ကျွန်တော့်ကတစ်ကောင်ကြွက်။လစာကတိုးပေးစရာမလိုဘူး။ပြီးတော့ ကျွန်တော်ကသေစရာအကြောင်းမရှိဘူး။"

လောဝ်က ဒီကောင်လေးစိတ်ဝင်စားဖို့ကောင်းသားဘဲဆိုတဲ့အပြုံးနဲ့ "ကောင်လေး မင်းနာမည်ဘယ်လိုခေါ်လဲ။အသက်ကရော။"

"စစ်ခွန်သာ။အသက်က၂၁။တရုတ်မြန်မာလူမျိုး။"

"ငါ့နာမည်ကတော့ လောဝ်လွန်မြူဆိုင်း။အသက်က ၂၅ ။မင်းထက်ကြီးလို့ ငါ့ကိုရှေ့က ဥက္ကဌထည့်ခေါ်။ငယ်ငယ်တုန်းက အပြောအဆိုမသင်ခဲ့ဘူးလား။"

ဖေးခတိန်တစ်ယောက် စိတ်ကျဉ်းကျပ်လှသည်။သူများသာ သူမကိုရိုရိုသေသေခေါ်မည်။သူမကတော့ဘယ်တော့မှခေါ်မည်မဟုတ်။အခုဒီသေးငယ်တဲ့ကုမ္ပဏီရောက်မှ သူမမာနတွေအလိမ့်လိမ့်ချိုးချခံနေရသည်။သတ်ပစ်လိုက်ရမလားဆိုတဲ့စိတ်တောင်ဝင်သည်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now