Part(8)

901 71 0
                                    

"ဟိုဘော်ဒီဂတ်ထတော့။သခင်မလေးတောင် အလုပ်သွားတော့မယ်။"လို့ တံခါးကိုအုန်းခနဲဖွင့်ပြီး ဝင်လာတာက နာနီ။ဖေးက အိပ်ရာကနေငုတ်တုတ်ထထိုင်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် မျက်နှာကိုလက်တစ်ဖက်နဲ့ပွတ်လိုက်ပြီး ဆံပင်ကိုသပ်လိုက်ကာ စူးရှတဲ့အကြည့်နဲ့

"ငါဘော်ဒီဂတ်ဖြစ်နေလို့သာနော်။မဟုတ်ရင် မင်းအခုလျှာတောင်ရှိတော့မှာမဟုတ်ဘူး"လို့။ ကုတင်ပေါ်ကနေဆင်းလိုက်ရင်းပြောတယ်။

"ခေါင်းဆောင် အခုဘယ်သူ့နယ်မြေထဲမှာလဲဆိုတာသေချာစဉ်းစားသင့်တယ်။သတ်ရင်နာနီကသာခေါင်းဆောင်ကိုသတ်ရမှာမလား"လို့ နာနီကလိုက်ကာတွေကိုဆွဲဖွင့်လိုက်ရင်းပြောခဲ့တယ်။နေရောင်တွေက ပြတင်းပေါက်ကတဆင့် ဖေးရဲ့မျက်နှာပေါ်ကိုကျလာခဲ့တယ်။ဖေးကမျက်စိစူးသွားလို့  လက်ဖြင့်မျက်နှာကိုကာလိုက်ပြီး

"ဥက္ကဌကော။သွားပြီလား။"ဖေးက သူ့မနေ့အဝတ်အစားပြန်ဝတ်မယ်လုပ်တော့ နာနီကအဝတ်အစားအသစ်တွေကိုလှမ်းပေးလိုက်တယ်။

"ရော့ သခင်မပေးလိုက်တာ။သူ့ရဲ့အင်္ကျီဘဲ။အရမ်းကြီးလို့တစ်ခါဘဲဝတ်ရသေးတာ။သူက ခေါင်းဆောင်ဆင်းရဲတယ်ထင်နေတာ။Gucci ကlimited edition နဲ့ထုတ်တာမလို့ခေါင်းဆောင်စိတ်ချလက်ချဝတ်ပါ။ဟိုမှာရေချိုးခန်း"လို့နာနီကလက်ညိုးထိုးပြပြီး  အခန်းထဲမှာရှိတဲ့ဆိုဖာမှာထိုင်ချလိုက်တယ်။ဖေးက အင်္ကျီတွေကိုဆွဲယူပြီး ရေချိုးခန်းထဲဝင်သွားတော့တယ်။

'ဥက္ကဌအင်္ကျီတဲ့။ငါကအသစ်မဟုတ်ဘူးဆိုမဝတ်ဘူး။"လို့စဉ်းစားရင်ပင် ဖေးကအင်္ကျီကိုငုံ့နမ်းလိုက်တယ်။

'အနံ့ကမဆိုးဘူးဘဲ။'အနံ့က ဖေးနှာခေါင်းကတစ်ဆင့် ဦးနှောက်ထဲကို သင်းပြီးအရည်ပျော်ဝင်သွားလို ခံစားလိုက်ရတယ်။ 'နေဦး။ငါရူးသွားပြီထင်တယ်။ဘာတွေစဉ်းစားနေတာလဲ။အဲ့လောက်နံတာ'လို့ ဖေးက အင်္ကျီကို ဘေစင်ပေါ်ပစ်တင်လိုက်တယ်။

နာနီက စားပွဲပေါ်ထိုင်ရင်း ဖေးထွက်လာမယ့်အချိန်ထိစောင့်နေတယ်။ရေချိုးခန်းတံခါးပွင့်လာပြီ။ နာနီကမော့ကြည့်လိုက်တော့ အမဲရောင်ဝတ်စုံပြည့်နဲ့ခန့်ညားနေတဲ့ ဖေးခတိန်။အရပ်ရှည်ပြီး ရင်ကိုစည်းထားတာမလို့ မသိတဲ့သူဆို ယောက်ျားပင်ထင်မှာ။ဆံပင်အတုနဲ့ စူးရှတဲ့အနီရောင်မျက်လုံးကြောင့် မိန်းကလေးတွေဆိုမြင်မြင်ချင်းအရည်ပျော်သွားလောက်သည်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now