Part(12)

872 73 3
                                    

**Author Note**

Author ဇာတ်ကြောင်းတစ်ခုလုံးစဉ်းစားပြီးနောက် "ဂျင်းထည့်သွားသော bodyguard"ထက် ဒီ "365မှ တည်သော မေတ္တာတရား"ကပိုသင့်လျော်သောကြောင့်နာမည်ရုတ်တရက်ပြောင်းလိုက်ကြောင်း အသိပေးပါသည်။ဖတ်ရှုအားပေးသူတစ်ယောက်ချင်းစီတိုင်းအားလည်းတန်ဖိုးထားကျေးဇူးတင်ပါကြောင်း။
                                                         Lao Liang
———————-𖦊𖦊𖦊𖦊𖦊—————————

"ကောင်လေး၊မင်းငါပြောနေတာမကြားဘူးလား။လက်ထဲကကောင်မလေးကိုလွှဲလိုက်ပေါ့။ဘာလဲမလွှဲချင်ဘူးလား။သေချင်တယ်ပေါ့။ဘက်စုံထောင့်ကအချိုးကျတဲ့မျက်နှာနဲ့စောစောသေရမယ်ဆို နှမြောစရာဘဲနော်။"လို့ လူကြမ်းခေါင်းဆောင်က ဖေးကိုအထင်သေးတဲ့မျက်လုံးဖြင့် ခနဲ့ကာပြောလိုက်တော့တယ်။ဖေးကဘာမှပြန်မပြောဘဲထိုလူကြမ်းရဲ့မျက်လုံးထဲကိုသာတည့်တည့်စိုက်ကြည့်နေလေသည်။ဖေးခတိန်ရဲ့အကြည့်တွေကို ထိုလူကြီးကမြင်တော့
"ဘာလဲ။မင်းကမလွှဲချင်ဘူးလား။မင်းလိုပိန်ပိန်ပါးပါးကလာစိန်ခေါ်ရဲတယ်ပေါ့။မင်းရဲ့အနီရောင်မျက်လုံးတောက်တောက်တွေကိုရောင်းစားရင်စျေးကောင်းရလိမ့်မယ်။"ဆိုပြီး ဖေးခတိန်ရှေ့ကိုတစ်လှမ်းချင်းလျှောက်လာပြီး ၅ပေအကွာမှာရပ်နေတော့သည်။

လောဝ်လွန်ကမျက်လုံးဖွင့်လာပြီး ဖေးကိုမော့ကြည့်ကာ "စစ်ခွန်သာ၊မင်းအနောက်ဆုတ်နေလိုက်။ငါရှင်းလိုက်မယ်။ခေါင်းဘဲမူးနေတာ။ငါ့ကိုယ်ငါတော့သိပါသေးတယ်။"လို့ အသံဖျော့ဖျော့နဲ့ပြောလေသည်။ဖေးကလောဝ်လွန်ဘာမှပြန်မပြောဘဲအနောက်သို့ဆုတ်ပြီးလှည့်လိုက်ကာ ရှူးဖိနပ်ကိုချွတ်လိုက်လေသည်။ထို့နောက်လောဝ်လွန်ကိုဖိနပ်ပေါ်သို့ချပေးလိုက်ပြီး အင်္ကျီသေချာပြန်ခြုံပေးကာ

"ကျွန်တော်ကဥက္ကဌဘော်ဒီဂတ်ပါ။ဒီလောက်ကတော့မမူပါဘူး။ခဏစောင့်နော်ဥက္ကဌ။ကျွန်တော် ကိစ္စရှင်းလိုက်ဦးနော်။ဖိနပ်ပေါ်မှာ သေချာထိုင်နော်။ကြမ်းပြင်ကအေးတယ်။"

"အဆင်ပြေပါ့မလား။မင်းအဆင်မပြေရင်.."

ဖေးကလောဝ်လွန်ရဲ့ခေါင်းကိုပွတ်ပေးလိုက်ပြီး "ကျွန်တော် အဆင်ပြေပါတယ်။"ဆိုပြီး ဖေးရှေ့ထိုင်နေရာမှထတာ ထိုလူကြမ်းနဲ့မနီးမဝေးတွင်ရပ်လိုက်လေသည်။သူမထိုလူကြမ်းတွေကိုကြည့်လိုက်တော့ လူကြမ်းတွေကတုတ်ကိုပခုံးပေါ်မှချပြီး ဖေးကိုရိုက်ဖို့အသင့်ပြင်လိုက်သည်။ဖေးကသူမရဲ့နက်တိုင်ကို ဆွဲဖြုတ်လိုက်ပြီး လက်တစ်ဖက်တွင်ပတ်ကာ အပေါ်ဆုံးကြယ်သီးတစ်လုံးကိုဖြုတ်လိုက်တော့​သူမရဲ့အမူအရာကြောင့် လူကြမ်းတွေက

365 မှတည်သော မေတ္တာတရားWhere stories live. Discover now