Part(1)

1.8K 85 0
                                    

၁၆ နှစ်ကြာပြီးနောက်

"ခင်ဗျား ပိုက်ဆံမပေးဘဲ ထွက်ပြေးပြန်ပြီလား။ကျွန်မအရင်တစ်ခေါက်ကဘာပြောခဲ့လဲ။နောက်တစ်ခါ ပိုက်ဆံမပေးဘဲ ထပ်ထွက်ပြေးရင်း ခင်ဗျား အသက်နဲ့ ကိုယ်တစ်ခြားဖြစ်မယ်လို့ပြောခဲ့သလိုဘဲ။"ဖေးက သူ့ရှေ့မှာဒူးထောက်ပြီး ကြိုးနဲ့တုပ်ထား တဲ့လူကို ခုံပေါ်မှာခြေချိတ်ထိုင်ရင်းသေနတ်နဲ့ ချိန်ထားလိုက်တယ်။

အမည်းရောင်ဆံပင်အောက်က နီရဲနေတဲ့မျက်လုံးနဲ့ကြည့်နေတဲ့ဖေးရဲ့အသံကြောင့် ထိုလူကြီးက"ကျွန်တော့်ကို ဒီတစ်ခါဘဲခွှင့်လွှတ်ပေးပါ။နောက်တစ်ခါမလုပ်ရဲ...."တုန်ရီနေတဲ့အသံမဆုံးခင်ဘဲ
"ဒိန်း.."သေနတ်ပြောင်းဝကနေ ကျည်ဆံကြီးထွက်လာပြီး ထိုလူရဲ့ ဦးခေါင်းကို ထိုးဖောက်သွားပါတော့တယ်။

"ပျင်းဖို့ကောင်းလိုက်တာ။လူတွေက ငါ့ကိုပိုက်ဆံကြချေးပြီး ပြန်မဆပ်ချင်ကြဘူး။တန်ဖိုးမရှိတဲ့လူတွေ။'သေနတ်ကို သူ့ဘေးမှာရပ်နေတဲ့ လက်ထောက်ကိုပေးပြီး "ဒီအလောင်းကိုရှင်းထားလိုက်။သူ့ရဲ့ညစ်ပတ်တဲ့သွေးတွေတစ်စက်မှမမြင်ချင်ဘူး။ငါဌာနချုပ်ကိုပြန်တော့မယ်"လို့ပြောပြီး တံခါးပေါက်နေထွက်သွားပါတော့တယ်။

"ဟုတ်ခေါင်းဆောင်ဖေး"

အခုတံခါးပေါက်ကထွက်သွားတဲ့လူက ခေါင်းဆောင်ဖေးပါ။နာမည်အရင်းက ဖေးခတိန်။တရုတ်နဲ့ မြန်မာရောထားတဲ့ ချောမောလှပပြီး စမတ်ကျတဲ့ကောင်မလေးတစ်ယောက်ပေါ့။ကောင်မလေးလို့ပြောပေမဲ့ တော်ရုံယောက်ျားလေးမလုပ်နိုင်တဲ့ အလုပ်တွေ(လူသတ်တာ၊သေနတ်ပစ်တာ)တွေကိုလုပ်နိုင်တဲ့ ကမ္ဘာ့အဆင့်မှီလူသတ်တဲ့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ပိုက်ဆံတွေက ကျိကျိတက်ချမ်းသာနေတဲ့ အပြင် လူသတ်ဖို့ ဝန်မလေးတဲ့အတွက် လူတွေကသူမကိုတော်တော်ကြောက်ကြတယ်။

သူမရဲ့ဌာနချုပ်က ရန်ကုန်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်မှာရှိပြီး ၁၂ ဧကကျယ်ဝန်းသည်။အထပ်မြင့်မဆောက်ဘဲ နန်းတော်လိုအဆောင်တစ်ခုချင်းစီဆောက်ထားတဲ့အတွက် တော်ရုံလူမပြောနှင့် အလုပ်သမားတွေတောင် လမ်းပျောက်ကြသည်။အဆောင်အချင်းချင်းအလွန်ကွာဝေးတဲ့အတွက် ကားနဲ့သွားမှရောက်မည်။

365 မှတည်သော မေတ္တာတရားWhere stories live. Discover now