Part(13)

812 61 1
                                    

မီးဖွင့်လိုက်တာနဲ့ ပရိဘောဂတွေပြည့်စုံနေတဲ့ အခန်းတစ်ခုကို အဆင်သင့်တွေ့လိုက်ရသည်။ဖေးကမဆိုးဘူးဘဲဟုစဉ်းစားကာ ဧည့်ခန်းကိုဖြတ်ပြီး အိပ်ခန်းထဲသို့ လောဝ်လွန်ကိုကျောပိုးကာ ခေါ်သွားတော့သည်။လောဝ်လွန်ကို ကုတင်ပေါ်သို့ ညင်သာစွာချလိုက်ပြီး စောင်ကိုရင်ဘတ်ထိလုံအောင်ခြုံပေးလိုက်သည်။ထို့နောက် ကုတင်ဘေးက ခုံမှာထိုင်လိုက်ပြီး အိပ်ကပ်ထဲကဖုန်းကိုထုတ်ကာ ဖူတိုကိုဖုန်းဆက်လိုက်လေသည်။

"ခေါင်းဆောင် ငါတော်တယ်မလား။တစ်နာရီအတွင်းတိုက်ခန်းရအောင်လုပ်နိုင်တာ။လစာတော့မဖြတ်နဲ့နော်။"

လွန်ခဲ့သောတစ်နာရီခန့်က အတွင်းရေးမှူးဖုန်းချသွားပြီးနောက်

"ကလင်...ကလင်!!"

" ခေါင်းဆောင်ဖေး ။ဘာလို့ အခုမှဆက်သွယ်လာတာလဲ။ငါ့ကို နင့်အလုပ်ပုံတွေကြား ပစ်ထားခဲ့ပြီး နင်ကတော့ပျော်နေတယ်ပေါ့။"ဖူတိုက သူမရဲ့ဂုတ်ထောက်နေတဲ့အနီရောင်ဆိုးထားတဲ့ဆံပင်တွေကို နားနောက်သို့သပ်လိုက်ပြီး မကျေနပ်သလို ဖေးခတိန်ကိုရွတ်နေတော့သည်။

"နင် ဂိုဏ်းချုပ်ကိုပြန်လာသင့်တယ်မလား။ရှင်းရမယ့်စာရင်းတွေကများ​နေပြီ။"

"နင်ခဏကြည့်လုပ်ကွာ။အခုတော့ ငါ့ကိုရွှေတိဂုံကိုလှမ်းမြင်ရတဲ့ ကွန်ဒိုတစ်နာရီတွင်းရှာပေး"

"နင်ဘာလုပ်မလို့ဘဲ။မဟုတ်မှလွဲ။ခေါင်းဆောင် တရားရသွားတာလား။ပြီးတော့ ညကြီးကိုတစ်နာရီတွင်း။နောက်မနေနဲ့ သူငယ်ချင်း။"

"လျှာရှည်တာ။မြန်မြန်ရှာ။မတွေ့ရင် နင့်လစာတစ်ဝက်ပျောက်ပြီ။"

"မလုပ်ပါနဲ့ လစာလေးတော့ သနားညှာတာပေးပါ။ရှာပေးဆိုငါရှာပေးမယ်။"

"အေးအဲ့ဆို ဒါဘဲ။"

ဖူတိုလည်း "ဒီသောက်ရူးမ ဘာအရူးထပြန်ပြီလဲ။အခုဘာကြီ။ရွှေတိဂုံမြင်ရတဲ့နေရာ။ဘလာ ဘလာ"တစ်ကိုယ်တည်းရွှတ်ပြီး ကွန်ဒိုဝယ်ဖို့ ဖုန်းနံပါတ်ကိုနှိပ်လိုက်ပါတော့သည်။

"နင်ငါ့ကိုလွန်ခဲ့တဲ့တစ်နာရီတုန်းက နှိပ်စက်သွားတာလေ။အခုကဘာလဲ။"

365 မှတည်သော မေတ္တာတရားOnde histórias criam vida. Descubra agora