Part(10)

855 70 1
                                    

"ဥက္ကဌနန်းစောလျန်ကဘိလိယက်ထိုးတာအရမ်းကျွမ်းတယ်လို့ငါကြားဖူးတယ်။"ပါတီပွဲမှာ ယောက်ျားနဲ့မိန်းမလေးများစုပြီး ဘိလိယက်ခုံမှာခန့်ညားစွာဘိလက်ယက်ထိုးနေသောကောင်မလေးအားကြည့်ရင်း တီးတိုးချီးမွမ်းနေကြသည်။စောလျန်က ဘိလိယက်အားအာရုံစိုက်နေရင်းမှ ရေငတ်လာသဖြင့်ဘေးနားရပ်သော စားပွဲထိုးကိုင်ထားသောဗန်းပေါ်မှ ဝိုင်တစ်ခွက်အားယူလိုက်ပြီး သူမအကြောင်းတီးတိုးပြောနေသောလူတို့ရှိရာဆီကို ချဉ်းကပ်လာခဲ့သည်။ထိုအုပ်စုထဲမှယောက်ျားလေးများကလည်းအလိုက်သတိပင် ရှောင်ဖယ်ပေးလိုက်ကြသည်။စောလျန်က လိင်တူကြိုက်သည်ဟုနာမည်ကြီးပြီး အသက်၂၆နှစ်သာရှိကာ Downstrike ကုမ္ပဏီရဲ့ဥက္ကဌဖြစ်လာခဲ့သည်။စောလျန်က အသားဝင်းဝင်းရှိပြီး မဲနက်တော့ဆံပင်ကို တိုတိုညှပ်ကာ ဂျယ်ဖြင့်ထောင်လိမ်းလေ့ရှိသည်။ထို့အပြင် suit အဖြူရောင်၊ရှူးဖိနပ်အမဲတို့ကလည်း သူမနဲ့လိုက်ဖက်လှသည်။သူမအားတော်ရုံယောက်ျားလေး သွားမစရဲ။gym ဆော့သောကြောင့် သာမန်မိန်းကလေးထက်ပိုအရပ်ရှည်(၅ပေ၉လက်မ)ကာ ခန္ဓာကိုယ်ကြွက်သားတောင့်သလိုဖြစ်သည်။စောလျန်က ခုံမှာဝင်ထိုင်လိုက်တော့ စားပွဲဝိုင်းကသူမအရှိန်အဝါကြောင့်ရုတ်တရက်ပင်တိတ်ဆိတ်သွားတော့သည်။စောလျန်ကပင်

"မိန်းကလေးတို့ ကိုယ့်အကြောင်းပြောနေတာမလား။ဆက်ပြောလေ။ကိုယ်လည်းနားထောင်ချင်တယ်။မကြောက်ကြနဲ့။"စကားသံတစ်ခွန်းမှထွက်မလာ။သူမမျက်လုံးဝှေ့ကြည့်တော့ အားလုံးကသူမကိုရှိန်နေပုံရသည်။ 'သူမကိုမကြောက်တဲ့သူရှိပါဦးမလား'ဟု စိတ်ထဲမှာပင်သက်ပြင်းချမိသည်။ထိုထဲမှ စားပွဲထောင့်ဆုံးမှာထိုင်နေတဲ့မိန်းကလေးက ထရပ်ကာ

"ဥက္ကဌ ဒီလိုလာထိုင်တော့ကျွန်မတို့အားလုံးအနေကျပ်တယ်လေ။နားထောင်ချင်တိုင်းလာထိုင်လို့မရဘူး။ကျွန်မတို့ကပြောတာတွေအကျင့်စရိုက်တွေကဥက္ကဌနဲ့ မတူဘူး။"ထိုစကားသံကြောင့် စားပွဲဝိုင်းကလူတွေအားလုံး ရပ်နေသောသူမကိုလှည့်ကြည့်လိုက်တော့သည်။သူမဘေးကကောင်မလေးက သူမရဲ့အင်္ကျီစကိုကိုင်ကာထိုင်ဖို့စိုးရိမ်သောအကြည့်ဖြင့်တီးတိုးပြောနေသည်။စောလျန်ကအစသူမကိုတအံ့တဩကြည့်နေမိသည်။သူမကိုပြန်ပြောရဲတဲ့သူမရှိသလောက်ဘဲမဟုတ်လား။ကောင်မလေးက အသက်၂၀လောက်ပင်ရှိသေးမည်ထင်သည်။အသားဖြူဖြူ၊မျက်မှန်အမှည်းရောင်ထူထူ၊ဂုတ်ဝဲဆံပင်၊ပန်းဆီရောင်နှုတ်ခမ်းနီဆိုးထားသည်။ဝတ်စားဆင်ယင်ပုံအရ ရုံးဝတ်စုံသာဖြစ်သောကြောင့် သူမရဲ့လက်အောက်ဝန်ထမ်းဖြစ်မည်ဆိုတာ သိသာသည်။ပါတီပွဲကဝန်ထမ်းတွေပါတက်ရတာမလို့ သူမဘယ်ဌာနကလဲစောလျန်မသိ။သို့သော် အထူးခြားဆုံးက ယုံကြည်ချက်တွေပြည့်နေသော သူမရဲ့ဝိုင်းစက်ရွှန်းလဲ့နေသောမျက်လုံးဖြစ်သည်။စောလျန်တစ်ချက်အသံထွက်ရီလိုက်ပြီး

365 မှတည်သော မေတ္တာတရားWhere stories live. Discover now