Zawgyi 2🌸

30 7 0
                                    

အတန်းချိန် တစ်ခုနဲ့တစ်ခုအပြောင်း break နားချိန်ရောက်တော့ လှစ်ကနဲ အတန်းထဲကပြေးထွက်သွားတဲ့ Han ငယ်ကို ဘာလဲဟဆိုတဲ့ အကြည့်မျိုးနဲ့ ကိုကို Hun တစ်ယောက် မျက်စိတဆုံးလိုက်ကြည့်မိတယ်။

အတန်းရှေ့မှာ သူမမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ မျက်လုံးချင်းဆုံပြီး တပြုံးပြုံးစကားတွေပြောနေတဲ့ Han ငယ်ကို ရုတ်တရက်မြင်ပြင်းကပ်စွာ မျက်မှောင်ကျုံ့မိတယ်။

သူတခါမှမမြင်ဖူးပေမယ့် Han ငယ်နဲ့တော့ တော်တော်ရင်းနှီးနေပုံရတဲ့မိန်းကလေးကြောင့် သူမဘယ်သူလဲ သိချင်စိတ်တွေကပြင်းပြစွာ ရှေ့ဆုံးတန်းက အတန်းခေါင်းဆောင်ကိုလှမ်းခေါ်လိုက်တယ်

"Kim Suho!"

နောက်ဆုံးကနေလှမ်းခေါ်ရတာကြောင့် အသံအတော်လေးကျယ်သွားတော့ တတန်းလုံးကငြိမ်ကျသွားသလို Kim Suho ပခုံးတချက်တွန့်သွားတာ မြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်

စာကြည့်မျက်မှန်ကြီးကို ပင့်ကာပင့်ကာနဲ့လှည့်ကြည့်ပြီး လက်ပြခေါ်နေတဲ့ Hun ကိုမြင်တော့ မျက်နှာတခုလုံးမဲ့ရွဲ့သွားအောင် ရှုံ့တြွပပြီး

"Oh Hun! လခွမ်းမို့အော်ခေါ်ရလား ဘယ်ကဆရာဆူမလို့လဲဆိုပြီးလန့်သွားတာပဲ"

Kim Suho စကားကို တတန်းလုံးအသံထွက်အောင်ရီလိုက်ကြပေမယ့် Hun ကတော့ မရီနိုင်သေး မျက်လုံးက အတန်းရှေ့က သူ့ညီဆီကမလွှဲနိုင်ဖြစ်နေတာကိုးး

"ဘာလဲ ခေါ်ပြီးတော့"

ကလေးလိုခြေကိုဆောင့်ကာ ဆောင့်ကာ လျှောက်ရင်း Hun ဘေးရောက်လာတဲ့ Suho

"ဟိုကိုကြည့်စမ်းပါ သိလားအဲ့တယောက်ကို"

သူခေါ်တာကို Suho ခမျာ စာဖတ်နေရင်းတန်းလန်းကြီးကိုဖြတ်ပြီးလဲလာရသေးသည် အခုပြောတဲ့လေသံကလဲ အထက်စီးကမို့ဖြတ်ရိုက်ပစ်ချင်စရာ

"သိတယ်လေ ဟိုဘက်အတန်းက"

Suho သည်းခံထားရတာကြောင့် ပြန်ဖြေသံကသိပ်တော့ မချောမွေ့နိုင်

"သူက ညီနဲ့ဘယ်တုန်းကအဲ့လောက်ရင်းနှီးသွားတာလဲ မင်းသိလား"

"မင်းငါ့ကိုအဲဒါမေးဖို့ခေါ်တာလား"

"အေး"

"Dilemma"Where stories live. Discover now