"ကိုယ်လဲရှိမှာမဟုတ်ဘဲ Hun ဒီနေ့အိမ်မှာပဲနားနေလို့မရဘူးလား"
တပတ်လောက်တရုတ်ပြည်ပြန်ဖို့အရေး ပစ္စည်းတွေထည့်နေတဲ့ Xing hyung က Company သွားရန်ပြင်ဆင်နေတဲ့ သူ့ကိုလှမ်းမေးတယ်။
"hyung မရှိဘဲ အိမ်မှာတယောက်ထဲနေတော့ရော ဘာထူးမှာလဲ hyung ရဲ့ "
လုပ်လက်စတွေကိုခနချထားပြီး Xing hyung က သူ့မျက်နှာချင်းဆိုင်ရောက်လာတယ်
"Hun အခုမှနေကောင်းတာလေ ကိုယ်မရှိတဲ့အချိန်ပြန်ဖျားနေရင်ဘယ်လိုလုပ်မလဲ"
သူ့မျက်နှာကိုဆွေးဆွေးငေးကြည့်ရင်း hyungပြောတော့ သူ့မှာ hyung ကိုသနားမိပြန်တယ်
"စိတ်မပူပါနဲ့ hyung ရယ်ကျွန်တော်ကလေးမဟုတ်တော့ပါဘူး ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ပါတယ်ဟိုမှာဆေးရုံတတ်နေရတဲ့ hyung Ma ကိုပဲစိတ်ပူပါ"
"ဟင်းး ဒါပေမယ့်Hun ကိုထားခဲ့ရမှာ ကိုယ့်စိတ်တွေလေးနေတယ်"
သက်ပြင်းမောကြီးချရင်း မျက်နှာလေးငုံ့သွားပြန်တော့ မနေနိုင်စွာ သူကပဲ hyung မျက်နှာလေးကို လက်နဲ့ဖွဖွကိုင်ဆွဲမော့မိတယ်
"Hyung ကျွန်တော့်ကိုမယုံဘူးလား ဟင်"
စက္ကန့်ပိုင်းမျှ မျက်လုံးချင်းဆုံအောင်ကြည့်ပြီးမှ hyung ကသူ့ရင်ခွင်ထဲတိုးဝင်ရင်းလေသံတိုးလေးနဲ့ပြောတယ်
"ကိုယ်ယုံတာပေါ့ Hun ရာ"
"ကဲ အလွမ်းသယ်နေတာနဲ့flight လွတ်တော့မယ်လာ ကျွန်တော်hyung ကိုအရင်လိုက်ပို့ပေးမယ်"
သူ့အထုတ်လေးကိုဆွဲယူပြီးရှေ့ကအရင်ထွက်ခဲ့ရင်းက သူလဲသက်ပြင်းခိုးချမိတယ်hyung စိတ်ပူနေတဲ့အကြောင်းကို သူလဲသတိထားမိနေရက်နဲ့ပေါ့
Han ငယ်ရေ မင်းဟာကိုယ့်အတွက်တော့ ပဟေဠိတစ်ခုဖြစ်နေပါပြီ။
Xing hyung ကိုလိုက်ပို့ပြီးတာနဲ့ သူ Han ငယ်ရှိမယ့်company ဆီတန်းလာခဲ့တယ်။ဒီလုပ်ငန်းနဲ့ပတ်သတ်လို့ သူထဲထဲဝင်ဝင်လေ့လာစရာတွေက အများကြီးရှိနေတယ်မဟုတ်လား။လွန်ခဲ့တဲ့ နှစ်၂၀ကျော်ကကိစ္စတွေရောပေါ့။
YOU ARE READING
"Dilemma"
FanfictionDilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါပြီနော် Zawgyi ပြန်ပါမှာမဟုတ်ပါဘူး မလုပ်တတ်လို့ပါ)