"Sehunnie"
အပ်ကွဲကွဲအသံနဲ့ နားထဲဝင်လာသော ခေါ်သံတစ်ခု အဆုံးမှာ အသက်ရှုဖို့ပင်မေ့နေသည့်အလား သူကြောင်ကြည့်နေမိတယ်။
"သား~"
ဆွဲဆွဲငင်ငင်ထွက်လာသော နောက်ထပ်အသံတစ်ခု အကြားမှာ သူ့ရင်တွေထူးဆန်းစွာပူလောင်လာတယ်
တဖွဲဖွဲရွာနေသည့် မိုးစက်တွေက သည်းထန်လာသလို လေပြင်းပြင်းတို့က အေးစက်စွာတိုက်ခတ်နေသော်ငြား သူ့ရင်ထဲကအပူကိုတော့ မလွှမ်းခြုံနိုင် ရင်ဘတ်တခုလုံးနဲ့ဆန့်ကျင်စွာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကတော့ အေးစက်တုန်ယင်နေပြန်တယ်။
"ခင်များ ဘယ်သူလဲ"
အတင်းကာရော အားတွေသုံးပြီး စကားတခွန်းထွက်ဖို့ကို သူတော်တော်ကြိုးစားယူလိုက်ရပေမယ့် မိုးသံထဲမှာ သူ့အသံဟာ တိုးလျလွန်းစွာရှိလှတယ်။
တဖက်လူက ရှေ့တလှမ်းတိုးလာလေ သူ့ခြေလှမ်းတွေက အနောက်သို့ဆုတ်မိလေလေ။
သူ့ကျောပြင်တစ်ခုလုံး အနောက်ဘက်ခြံနံရံနှင့်ကပ်မိသွားချိန်မှာ သူထွက်ပြေးစရာ မရှိတော့ဟု သဘောတန်းပေါက်လိုက်တယ်။
Oh Hun နှင့်မတူစွာ သူဒီလူကြီးကို ဘာကြောင့်အခုလိုထိတ်လန့်နေမိတာလဲ သူကိုယ်သူနားမလည်နိုင်ပြန်။သတ္တိပြန်မွေးရင်း စူးစိုက်မကြည့်ရဲသေးတဲ့ မျက်လုံးတွေကိုအားထည့်ကာအရှေ့ကပ်လျက်အနေအထားက လူကြီးကို အရဲစွန့်ကြည့်တော့ မျက်ရည်တွေ ဒီလူကြီးမျက်လုံးရဲရဲတွေထဲမှာ မျက်ရည်ကြည်တွေ။
မိုးရေတွေဖြစ်မှာပါလို့ သူတွေးလိုက်ပေမယ့် ဒီလောက်နာကျင် လွမ်းဆွတ်နေပုံရတဲ့ မျက်လုံးတွေကြောင့် ထိုလူကြီးငိုနေတာသူသေချာပေါက်သိလိုက်တယ်။ဘာလို့လဲ သူ့ကိုဘာလို့ အခုလိုမျက်ဝန်းတွေနဲ့ကြည့်နေရတာလဲ။ပြီးတော့ ချက်ချင်းကြီးသူရောဘာလို့ငိုချင်လာတာလဲ ဒီမျက်ဝန်းမှိုင်းမှိုင်းကြီးတွေကိုကြည့်ပြီးတော့လေ
"အခုလို ကျန်းကျန်းမာမာကြီးပြင်းခဲ့ပေးတာ ကျေးဇူးတင်ပါတယ်"
သူ့လက်ဖဝါးတစ်ဖက်ကို ဆွဲယူလို့ စကားတတွတ်တွတ်ပြောရင်း ငိုနေသော လူကြီးကိုကြည့်ရင်း သူ့ခေါင်းတွေမူးနောက်လာသည် အသက်အောင့်ထားမိ၍လား ရင်ထဲမှာလဲ မောဟိုက်လာသည်
BẠN ĐANG ĐỌC
"Dilemma"
FanfictionDilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါပြီနော် Zawgyi ပြန်ပါမှာမဟုတ်ပါဘူး မလုပ်တတ်လို့ပါ)