🌸3🌸

2.8K 343 22
                                    

စိတ်ဆိုးနေတဲ့ကိုကို့ ကိုဘယ်လိုပြန်ချော့ရမလဲစဉ်းစားရင်း Han ငယ်ညကတော်တော်နှင့်အိပ်မပျော်တာကြောင့် မနက်နိုးတော့ပုံမှန်ထက်နောက်ကျနေပြီ။

"၈ နာရီတောင်ထိုးပြီ ကိုကို့ ကိုအမြန်နိုးမှပဲ"

ကိုယ်တိုင်ကဖြင့်မျက်နှာတောင်မသစ်နိုင်ဘဲ အိပ်မှုန်စုန်ဖွား ခေါင်းကိုကုတ်ရင်းက ဘေးချင်းကပ်ရပ်ကိုကို့အခန်းဆီသွားတော့ ထူးဆန်းစွာ တံခါးကို lock ချထားတာကြောင့် Han ငယ့် အိပ်ချင်စိတ်တွေပျောက်ကာ မျက်လုံးပါပြူးကျယ်သွားသည်အထိပင်။

"ကိုကို ကိုကိုနိုးပြီလား ထတော့နော်"

တံခါးကိုတဒုန်းဒုန်းထုရင်း အခန်းပြင်ကလှမ်းအော်နေခိုက် ဗြုန်းစားကြီး ဆွဲဖွင့်လိုက်သော တံခါးကြောင့် အရှိန်မသတ်မိသော လက်သီးဆုပ်တို့ကပစ်ဝင်သွားရာက ကိုကို့ရင်ခွင်ကျယ်ကျယ်ဆီ။

သန်သန်မာမာလက်ဖဝါးတစ်ဖက်က Han ငယ့် ပိန်သေးသေးလက်ကောက်ဝတ်ဆီဖမ်းကိုင်လိုက်တော့ အလိုလိုမျက်ခုံးပင့်မိကာ အကြည့်တို့က ကိုကို့မျက်ဝန်းဆီသို့တန်းကနဲ။

မျက်မှောင်တို့တွန့်ချိုးကာ စူးစိုက်ကြည့်နေသော ကိုကို့ကြောင့် သတိကိုအမြန်ပြန်ကပ်ပြီး တခုခုပြောဖို့ကြိုးစားမိတယ်။

"နိုးနေပြီလား"

ဘာကြောင့်ရယ်မသိ အသက်အောင့်ထားမိတာကြောင့် နှုတ်ခမ်းဖျားကထွက်လာသော စကားသံက တိုးတိမ်လွန်းလှသည်။

"ညီက ရင်ခုန်တတ်နေပြီလား"

အစမရှိ အဆုံးမရှိ ကိုကို့မေးခွန်းက Han ငယ့်ကို မတ်တပ်မေ့သွားစေသည်။သူအခုရင်ခုန်သံတွေမြန်နေတာ ကိုကိုက ဘယ်လိုသိသွားပြန်သလဲ?

"ကျောင်းသွားဖို့လုပ်တော့လေ"

"ဟင် အင်း"

ဗလာဖြစ်နေတဲ့ဦးဏှောက်က ဘာမှမစဉ်းစားမိပေမယ့် ကိုကို့စကားအတိုင်း တသွေမတိမ်းလိုက်နာမိပြန်တယ်။

အရင်နေ့တွေနဲ့မတူစွာ မနက်စာထမင်းဝိုင်းက ထူးထူးဆန်းဆန်းအသံတိတ်နေတော့ မေမေက စူးစမ်းသလိုကြည့်ရင်း

"Dilemma"Where stories live. Discover now