ဒီနေ့ သူ ၆ နှစ်နေမှ ပထမဆုံးအနေဖြင့်Han ငယ်နဲ့ မျက်နှာချင်းဆိုင်တွေ့ရမယ့်နေ့ဖြစ်တာကြောင့်မနက်လဲအစောကြီးထဲကနိုးနေကာ ရင်ထဲလှိုက်တုန်နေမိသည်
ဘယ်လိုခံစားချက်ကြီးလဲ သူအမည်တပ်ဖော်မပြတတ်ပေမယ့်ခြေဖျားလက်ဖျားတွေအေးစက်ပြီး နှလူံးခုန်နှုန်းတွေ မူမမှန်သည်အထိ သူဂဏာမငြိမ်ဖြစ်နေတာတော့သေချာသည်။"Hun အရမ်းတွေစိတ်လှုပ်ရှားနေတာလား"
အခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ သူ့အနား Yixingရောက်လာပြီး စိတ်ပူသလိုမေးတယ်
"နည်းနည်းပါ"
သူဗြောင်လိမ်လိုက်မိတာလဲ ဘာကြောင့်မှန်း သူ့ကိုယ်ကိုတောင်သတိမထားမိသည်အထိပင်
"hyung အဆင်သင့်ဖြစ်ပြီဆို သွားကြမယ်လေ"
သူ့မျက်နှာအရိပ်အကဲကိုပဲစူးစိုက်ကြည့်နေတဲ့ Yixing ကို အာရုံလွှဲစေရန်သူစကားဆိုပြီး အပြင်ထွက်ခဲ့လိုက်တယ်
"ဟူး ဘာလို့ဒီလောက်နေရထိုင်ရခက်နေတာလဲ"
သူ driver ခုံဘက်အရင်ဝင်ထိုင်လိုက်တော့
"Hunမောင်းမလို့လား သက်တောင့်သက်ပါဘေးကလိုက်ပါလား ညကလဲ အိပ်ရေးပျက်ထားတာကို"
အဲ့လို အဲ့လို အသေးစိတ်ကအစ လိုက်ဂရုစိုက်ပေးတတ်သော သူ့ရဲ့ Xing hyungကြောင့်မျက်လုံးတွေထဲထိ နက်ရှိုင်းအောင်တချက်ပြုံးကြည့်ပြီး
"korea ရဲ့ လမ်းတွေကို hyung ထက်ဒီ Sehun က ပိုသိမယ်ထင်တယ်ဒီနေ့ hyung ရဲ့ driver လုပ်ပေးပါမယ်ဘယ်လိုပဲ ဖြစ်ဖြစ်ကျွန်တော်က အခုချိန်ကစပြီး hyung ရဲ့ PA ဖြစ်နေပြီပဲကို"
"ဟာကွာ Hun ကတော့ ကိုယ့်ကို ရူးအောင်ပြု စားနေတာပဲ ha ha"
ဘေးခုံမှာဝင်ထိုင်လိုက်ရင်းက hyung ကသဘောတကျ ယ်တယ်။အခုလို hyung ရီနေတာ မြင်လိုက်ရတော့လဲ သူ့ရင်တုန်နေတာတွေ အနည်းငယ်လျော့ပါးသွားသလိုလို။
YOU ARE READING
"Dilemma"
FanfictionDilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါပြီနော် Zawgyi ပြန်ပါမှာမဟုတ်ပါဘူး မလုပ်တတ်လို့ပါ)