Zawgyi 7🌸

13 1 0
                                    

ကျောင်းအပြန်ကားပေါ်မှာ ကိုကိုတယောက် မျက်စိမျက်နှာပျက်စွာဖြင့်စကားတခွန်းမှမဆိုဘဲရှိနေတော့ Han ငယ့်မှာ ဘာဖြစ်နေသလဲမေးရကောင်းမလား သူမပြောပြသေးသ၍ မမေးဘဲနေရကောင်းမလားတွေဝေနေရသည်။
တနေကုန်အကောင်းကို နေ့ခင်းမှဘာစိတ်ဆိုးသွားပြန်လဲမသိသော ကိုကို့ကို Han ငယ်ဘေးချင်းယှဉ်ထိုင်ရင်းက ငေးကြည့်ပြီး သက်ပြင်းသာခိုးချမိသည်။ရင်ထဲနေရခက်လိုက်တာ။

"ဒီညီအကိုနှစ်ယောက် စကားများထားကြပြန်ပြီလား"

ပုံမှန်နဲ့မတူ တိတ်ဆိတ်နေခြင်းကို ဖြိုခွင်းလိုက်သူက ကားဆရာဦးလေးကြီး။ထိုအခွင့်အရေးကို အမိအရယူကာ တယောက်ထဲစိတ်အိုက်နေသော Han ငယ်ကပင်

"မဖြစ်ထားပါဘူး နော် ကိုကို"

တမင်စကားစရှာရင်း အမေးထောက်လိုက်ပေမယ့် ပြန်မဖြေတဲ့အပြင် ပြတင်းပေါက်ဘက်ကိုတွေတွေကြီးငေးနေရင်းက မျက်လုံးတို့မှိတ်ချလိုက်ပြီး မကြားသလိုနေလိုက်တဲ့ ကိုကိုကြောင့် Han ငယ့်စိတ်ထဲ လျစ်လျူ ရှုခံရမှုကြောင့်လား ငိုချင်လာသလိုလို အောင့်ကနဲ။

ဘာမှဆက်မပြောတော့ဘဲ အခုတလော တခုခုဆို အားငယ်တတ်ချင်လာသော ကိုယ့်စိတ်ကိုယ်သာ မေးခွန်းတြွေပန်ထုတ်မိတယ် ဘာလို့ခံစားချက်တွေသိပ်ပြင်းထန်လာရသလဲ ဟူ၍

အိမ်ပြန်ရောက်သည်အထိ နှစ်ဦးကြားဆိတ်ငြိမ်နေဆဲ အခြေအနေကြောင့် ကိုကိုကျောင်းပျက်ထားတုန်းကစာတွေသွားကူးပေးရမယ့် Han ငယ် ကိုကို့အခန်းရှေ့ ယောင်ချာချာမက်တပ်ရပ်မိနေမိတယ်။သက်ပြင်းရှည်ကြီးတစ်ခုကို ဘယ်နှကြိမ်မြောက်မှန်းမသိဆွဲချမိရင်း စာအုပ်တွေပိုက်ကာ အခန်းတံခါးဖွင့်ဝင်ခဲ့တယ်

"၀င်လာပြီနော် ကိုကို"

ပြန်ထူးသံမကြားသည်မို့ ဒီအတိုင်းသာဝင်ခဲ့ရင်း လိုက်ရှာမိတော့ ၀ရံတာဘက်ထွက်ရပ်ကာ လေညှင်းခံနေပုံရသော ကိုကို။

ကုတင်ဘေးစာကြည့်စားပွဲပေါ် စာအုပ်တွေကိုတင်ရင်း အခန်းပြင်ဘက် ကိုကိုရှိရာဆီ အသံတိတ်ထွက်ခဲ့မိတယ်။
လေခပ်ပြင်းပြင်းတိုက်ခတ်နေတာကြောင့် ရှပ်အင်္ကျီအပါးခပ်ပွပွ ၀တ်ထားတဲ့ ကိုကို့ကျောပြင်ကျယ်ကြီးဟာ လေထဲမှာပဲ လွင့်နေသလိုလို
ခြေတလှမ်းဆီကို ခပ်ဖြေးဖြေးလှမ်းလျှောက်မိရင်းက ကျယ်ပြန့်လွန်းတဲ့ ကျောပြင်ကြီးကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ ရင်ထဲတဒိတ်ဒိတ်ခုန်နေသလို တနေ့နေ့များဝေးကွာရရင်ဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေက လွမ်းဆွတ်ခြင်းတွေကို တဖဲ့ခြင်းခေါ်ဆောင်လာတယ်၊

"Dilemma"जहाँ कहानियाँ रहती हैं। अभी खोजें