Attention please

1.2K 105 26
                                    

ဇာတ်​လမ်း​ရေး​နေရင်းတန်းလန်းနဲ့ အခုလို AN​တွေတကယ်​တော့မထည့်​ချင်​ဘူး ဒါ​ပေမယ့်​ကိုယ့်​ဇာတ်​လမ်းကအရမ်း​တွေအရစ်​ရှည်​သလိုများဖြစ်​နေပြီလား​တွေးမိပြီး​ကြောက်​လာလို့ဒီအပိုဒ်​လေး publish ဖြစ်​တယ်​။

ဘယ်​လို​ပြောရမလဲ ကိုယ့်​ကိုကိုယ်​Author လို့လဲမသုံးချင်​ဘူး စာဖတ်​သူ​တွေနဲ့ရင်းရင်းနှီးနှီး discuss လုပ်​သလိုလဖြစ်​အောင်​အမ လို့ပဲသုံး​တော့မယ်​ဟုတ်​ကဲ့ အသက်​က မကြာခင်​၂၄ ပြည့်​တော့မှာပါ။

အမ fic​တွေ​တော်​တော်​များများဖတ်​ဖူးတဲ့လူတိုင်းက​တော့ သတိထားမိမယ်​ထင်​တယ်​fic​တော်​တော်​များများမှာ first person point of view နဲ့ပဲ​ရေးတတ်​တယ်​ဆိုတာကို။ဒီ dilemma မှာကျ​တော့ ကိုယ့်​အ​ရေးအသားကို​ပြောင်းလဲချင်​တာ​ကြောင့်​third person အ​နေနဲ့​ပြောင်း​ရေးထားတယ်​။

အဲ့ဒါပထမပြသနာပဲ မကျွမ်းကျင်​တဲ့အပိုင်းကို challenge လုပ်​ကြည့်​တာ ပုံမှန်​ထက်​ရေးရတာပိုခက်​သွားတယ်​character တ​ယောက်​ချင်းဆီရဲ့ခံစားချက်​ကို​ပေါ်​အောင်​ရေးရတာ နဲနဲခက်​သွားတယ်​အဲ့​တော့ ညီမ​လေးတို့အ​နေနဲ့ ဖတ်​ရတာအဆင်​ပြေရဲ့လား ဇာတ်​ကောင်​တွေရဲ့ခံစားချက်​ကို တကယ်​ရောမြင်​ကြရဲ့လား​မေးချင်​တယ်​။

​နောက်​တခုက စ​ရေးတုန်းက plot ကအခုလိုမကြီးဘူး Hunhan ၂​ယောက်​ပြန်​တွေ့ရင်​ခန​လောက်​မုန်​တိုင်းထည့်​ပြီးရင်​HE လုပ်​ဖို့စဉ်းစားပြီးသား။ဒါ​ပေမယ့်​အော်​ဒါလူတိုင်း​ရေးတတ်​ပါတယ်​ဆိုပြီး ကိုယ့်​ဘာသာကို ပညာစမ်းတာ​လေ Yixing ကိုဆွဲထည့်​လိုက်​ရော။အဲ့မှာ ငါးပါး​တွေ​မှောက်​တော့တာပဲ ဖတ်​တဲ့လူ​တွေ​Sehun ကိုနားမလည်​သလို Yixing ကိုအပြစ်​မြင်​သွားကြမယ်​။ဒါလဲ အမ အ​ရေးအသားလိုတာပါ​ရေး​နေရင်း ကိုယ့်​ဘာသာကို​တောင်​Sehun အစား ဘယ်​လို ခံစားရမလဲမသိတာ တကယ့်​ပြသနာ။
အဲ့​တော့​အပိုင်း ၂၅ ထိ​ရောက်​လာ​ပေမယ့်​စာဖတ်​သူ​တွေ​မျှော်​လင့်​ထားသလို ဖြစ်​မ​နေရင်​နားလည်​ပေးပါလို့။
အမကို​ရော Sehun နဲ့ Xing ကို​ရော။

ပြီး​တော့ အမကစာ​ရေးရင်​အပိုင်းတပိုင်းကိုဇာတ်​ကွက်​အများကြီး​ပေါ်​အောင်​ရေးတာမဟုတ်​ဘဲ စာဖတ်​သူ​တွေရင်​ထဲ​ဖြေး​ဖြေးချင်း​ရောက်​အောင်​အနုစိတ်​တကွက်​ချင်းပဲပုံ​ဖော်​ချင်​တာ။အဲ့​တော့ ဇာတ်​လမ်းကိုဆွဲဆန့်​ထားတယ်​လဲ ထင်​မှာစိုးတယ်​မဟုတ်​ဘူး​နော်​အကျင့်​ပါ​နေလို့ပါ ပျင်း​နေကြပြီလားဟင်​။ကိုယ်​တိုင်​တခါမှ အခု​လောက်​အပိုင်းရှည်​အောင်​မ​ရေးဘူး​တော့ အဲ့တစ်​ခုလဲစိတ်​ပူတယ်​။

အဲဒါ​ကြောင့်​ခြုံ​ပြောရရင်​အမအ​နေနဲ့ဒီ dilemma ကို​ရေးသာ​ရေး​နေတာ​ကြောက်​စိတ်​ကတဝက်​လောက်​ပါ​နေလို့ ဖတ်​နေတဲ့လူ​တွေ ဘယ်​လိုမြင်​နေပြီလဲသိချင်​လို့ပါ
ကိုယ့်​မူကိုချိုးပြီး အသစ်​လို​ရေး​နေရ​တော့ စိတ်​ပူတာ ဒါ​ကြောင့်​ဖြစ်​နိုင်​ရင်​အကြံ​လေး​တွေ​ပေးသွား​ပေးကြပါ အ​ပေါ်က​မေးခွန်း​လေး​တွေလဲ​ဖြေ​ပေးကြပါလို့​ပြောချင်​ပါတယ်​။

စာ​ရေးသူနဲ့စာဖတ်​သူတထပ်​တည်းကျမှ ဇာတ်​လမ်းတစ်​ခုက တကယ်​အသက်​ဝင်​မှာ​လေ ဇာတ်​ကောင်​တခုချင်းဆီက​ရော​ပေါ့။ဒါ​ကြောင့်​ဝေဖန်​ပေးကြပါလို့​ပြောချင်​ပါတယ်​။

"Dilemma"Where stories live. Discover now