"ချစ်ခြင်းမှာရောင်စဉ် ဘယ်နှမျိုးလောက်ရှိသလဲ"
အဖြူ ရောင်စာမျက်နှာပြင်ထက် လက်ရေးသော့သော့တို့ဖြင့်ရေးချမိရင်း ကိုကို သူ့ဦးဏှောက်ကိုအလုပ်ပေးနေမိတယ်။
မနေ့ညက သူပထမဆုံးအနေနဲ့ Han ငယ့်ဆီက ခါးသက်သက်အကြည့်တချက်နဲ့ ရက်ရက်စက်စက် စကားလုံးအချို့ ကြားခဲ့ရပြီး သူ့ခေါင်းထဲမှာရော စိတ်ထဲမှာရော သိပ်ရှုပ်ထွေးနေခဲ့တာ။
သူပြောတဲ့စကားထဲ ဘာများအမှားပါသွားလို့ ညီသူ့ကိုဒီလောက်စိတ်ဆိုးသွားရတာလဲ?
ဆွဲရမ်းသလို လက်ပါမိတာကြောင့်များ သူအနိုင်ကျင့်သလိုဖြစ်သွားလို့လား?
ညီ့မျက်လုံးတွေက အရင်နဲ့မတူ ဘာကြောင့် သူ့အပေါ်ကြည့်တဲ့အကြည့်တွေ အရောင်းပြောင်းနေတယ်လို့ ခံစားမိရတာလဲ?
ဒါမှမဟုတ် ညီ့ စကားအတိုင်းများ ကျွန်တော်သူ့ကိုကလေးဆန်ဆန်ကြေးတမ်းတိုက်သလိုဖြစ်သွားလား?
ဟာ မသိဘူးကွာ ညီ ကို့ကိုပဲချစ်ရမယ် ဘယ်လိုပဲအရွယ်ရောက်ပြီဆိုဆို ကိုကို မဟုတ်တဲ့ အခြားတယောက်ကို ချစ်ဖို့ သူတသက်လုံးခွင့်ပြု ပေးနိုင်မယ်မထင်ဘူး မဟုတ်ဘူးကိုကိုလုံးဝခွင့်မပြုဘူး။
"ဟူးး"
စိတ်အိုက်နေတဲ့ဒဏ်ကိုသည်းမခံနိုင်တော့စွာ ထိုင်ခုံကိုကျောမှီချပစ်ရင်း လေပူတို့မှုတ်ထုတ်မိတယ် သူဘာလို့ ဒီလောက်ရင်ထဲနေရခက်နေတာလဲ
"Oh Hun!"
တယောက်ထဲအတွေးတွေနဲ့သတိလက်လွတ်ဖြစ်နေမိတာ အရှေ့မှာ စာသင်နေတဲ့ဆရာမကိုမေ့သွားမိသည်အထိ။ချက်ချင်းကိုယ်ကို ပြန်မတ်ထိုင်ရင်း ဆရာမကိုလှမ်းကြည့်တော့
"အခု သင်လက်စလေး မင်းဆက်ဖတ်ပြနိုင်မလား"
သွားပြီ အဲဒါမှဒုက္ခအကြီးအကျယ်ရောက်တာ အခုချိန်ထိ သူဖတ်စာအုပ်ကိုလှန်တောင်မလှန်ရသေးသလို ဘာတွေသင်ထားမှန်းကြားတောင်မကြားမိ။ချိတုံ့ချတုံ့နဲ့ မက်တပ်ထရပ်လိုက်ရင်း ဘယ်ရောက်နေမှန်းမသိတဲ့ စာအုပ်ကိုတရွက်ချင်းလှန်ကာ အရှေ့တန်က Han ငယ့်စာအုပ်ကိုလှမ်းကြည့်မိတယ်။
YOU ARE READING
"Dilemma"
FanfictionDilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါပြီနော် Zawgyi ပြန်ပါမှာမဟုတ်ပါဘူး မလုပ်တတ်လို့ပါ)