🌸17🌸

1.8K 248 27
                                    

Yixing အိမ်ပြန်ရောက်တာနဲ့ ဧည့်ခန်းထဲမြင်လိုက်ရတာက လူတဦးတယောက်ထဲကို လျှပ်တပြတ် ပုံစံအနေအထားအမျိုးမျိုးနဲ့ရိုက်ထားသော ဓာတ်ပုံပေါင်းမြောက်များစွာကို လွမ်းလွမ်းဆွတ်ဆွတ်ကြည့်နေသော ကောင်လေးတယောက် အတိအကျ ပြောရမယ်ဆို သူ့ရဲ့ချစ်လှစွာသော ကလေး သူမြတ်နိုးရသော ရင်နှစ်သည်းခြာ သူ့ချစ်သူ

"Hun nah"

သူ့အရှေ့နားရောက်နေတာတောင် သတိမထားမိနိုင်အောင် ပုံတွေထဲနစ်မြောနေတယ်

သူ့ခေါ်သံကြားမှ ဖျက်ကနဲမော့ကြည့်လာသော မျက်ဝန်းတို့မှာ သူအမုန်းဆုံးသော မျက်ရည်တွေဝဲလျက်

ဟင်းး

သူ သနားကြင်နာစွာ ဘာမှမပြောနိုင်ဘဲ သက်ပြင်းသာချမိတော့ မျက်တောင်တို့ တဖျက်ဖျက်ခက်ရင်း ဟန်လုပ်ပြုံးပြပြန်တယ်

"Hyung ညစာ ကောင်းကောင်းစားခဲ့ရဲ့လား"

သူ့ဘေးနားဝင်ထိုင်ရင်း ခေါင်းငြိမ့်ပြလိုက်ရင်းက သူကြည့်နေသော ဓာတ်ပုံတွေဆီ အကြည့်ရောက်တော့ လျှပ်တပြက်ပုံတွေမှာတောင် ကြည့်ကောင်းလွန်းလှသော လှပသည်ဟု တင်စားနိုင်အောင် နူးညံ့သော လူသား Oh Luhan

"Han ငယ်က တကယ်အရွယ်ရောက်လာပြီနော် ကျွန်တော့်ညီက အခုလိုကျ သိပ်လူကြီးဆန်တာပဲ"

ဆွေးဆွေးမြေ့မြေ့ စကားသံဟာ Xing ရင်ထဲ စိုးထိတ်မှုတွေဝင်စေတာ သူမသိလေသလား

"Hun ဘာစားပြီးပြီလဲ ကိုယ်ဘာလုပ်ပေးရမလဲ"

"Hyung သူနဲ့စကားပြောတော့ သူ့အသံက ဘယ်လိုနေလဲ အရင်တုန်းကလို ချိုမြမြလေးပဲလား"

သူ့မေးခွန်းကိုတောင် အာရုံမရတော့သည်အထိပဲလား

ဒီလောက်တောင် သူ့ကိုဥပေက္ခာပြုလိုက်ရမှ Hunကျေနပ်မှာလား

"Hun ကိုယ့်ကို တချက်လောက်ကြည့်ပါဦး!"

သူလေသံအနည်းငယ် မာသွားမှ ထိတ်လန့်သွားပုံနှင့် သူ့ဆီအကြည့်ရောက်သည်

"sorry hyung ကျွန်တော် မှားသွားတယ်နော်"

သူ့မူအတိုင်း Xing ပါးပြင်နှစ်ဖက်ပေါ် လက်ဖဝါးတို့ဖြင့် ထွေးပွေ့ရင်း တောင်းပန်စကားဆိုပြန်တယ်

"Dilemma"Opowieści tętniące życiem. Odkryj je teraz