Zawgyi 6🌸

30 1 0
                                    

"ညီ ဘာကြောင်ကြည့်နေတာလဲ"

ဒီနေ့ကျောင်းပြန်တတ်မှာဖြစ်တာကြောင့် Oh Hun ထုံးစံအတိုင်းရေမိုးချိုးပြီး Han ငယ်က ကျောင်း uniform ကိုကြယ်သီးတပ်ပေးနေချိန် အပေါ်ဆုံးကြယ်သီးလေးတလုံးတပ်ပြီး မျက်နှာတွေရဲကာ မတ်တပ်မေ့နေတာကိုကြည့်ပြီး ပြုံးစစနဲ့ Oh Hun မေးမိခြင်း။

"မကြည့်ပါဘူး ဘယ်မှာကြည့်လို့လဲ"

အခုမှသတိပြန်ကပ်သလို လက်တွေကအမြန်ကြယ်သီးတွေကိုယောင်ယမ်းတပ်ပြန်တော့ အထက်အောက်တွေကမမှန်ပြန်

"ဟား ဘယ်လိုတွေတပ်ပေးလိုက်တာလဲ"

အဖြူ ရောင် အင်္ကျီထက်က အပေါက်မှားတပ်ခံရသော ကြယ်သီးတို့ကိုငုံ့ကြည့်ရင်း Oh Hun ရီမိပြန်သည်။

"ကိုကို မင်းဘာသာမင်းလုပ်တော့"

ဆူဆောင့်ဆောင့်ပြန်အော်ရင်း လှည့်ထွက်မယ်ကြံနေတဲ့ Han ငယ့်လက်တွေကို အမြန်လှမ်းဆွဲရင်း

"ညီ့တာဝန်မပြီးသေးဘူးလေ necktie လဲစည်းပေးရဦးမယ် ခေါင်းလဲဖီးပေးရဦးမယ်"

"မင်းဒဏ်ရာရတာ ခေါင်းနော် လက်တွေကအကောင်းကို ခေါင်းအထိဖီးပေးစရာလား"

"အင်းလေ ခေါင်းထိထားလို့ ကိုကို လက်ပြန်ကြီးနဲ့ဆို ဒဏ်ရာသွားထိမှာစိုးလို့ပါ"

"shit စကားတော့တတ်တယ်"

စိတ်မရှည်သလို မဲ့ရွဲ့ရင်း Han ငယ်ပြုံးနေပေမယ့် မျက်ဝန်းတို့ကအပြုံးရိပ်သန်းနေတာကို ကိုကိုတယောက်က အလိုလိုသိပြီးသား

"ထိုင်လေ မင်းအရပ်အမြင့်ကြီးကို ငါဘယ်လိုခေါင်းဖီးပေးလို့မှီမှာလဲ"

Han ငယ့်မျက်နှာအပြောင်းအလဲ တခုချင်းဆီကိုလိုက်ကြည့်နေမိတာ necktie ပင်စည်းပြီးသွားပြီ
သူ ဘာကြောင့်ဒီလောက်သတိလက်လွတ်နိုင်စွာ Han ငယ့်ကိုငေးကြည့်နေမိမှန်း သူ့ကိုသူတောင်အမှတ်မထားမိ

Han ငယ့်စကားနားထောင်စွာ ကုတင်ထက်ထိုင်နေရင်းကလဲ သူ့ဆံပင်တိုတိုတို့အပေါ် Gel လိမ်းပေးရင်း မထိတထိ ပုံသွင်းပေးနေသော Han ငယ့်လက်ချောင်းသေးသွယ်သွယ်များကို သူဖမ်းဆုပ်မိချင်လာတာကြောင့် စိတ်မထိန်းနိုင်စွာ ထိုရွေ့လျားနေသော လက်ချောင်းများကိုဆွဲဆုပ်ကိုင်မိတယ်

"Dilemma"Where stories live. Discover now