🌸20🌸

1.8K 254 11
                                    

သူစိတ်​တွေမွန်းကြပ်​နေသည့်​အရှိန်​နှင့်​ဘေးက Xing hyung နဲ့ပင်​စကားမ​ပြောချင်​တော့တာ​ကြောင့်​မျက်​လုံးစုံမှိတ်​ရင်း ကား​ပေါ်ငြိမ်​လိုက်​လာမိတယ်​

မျက်​ရည်​တို့​ဝေ့သီ​နေ​သော အ​ရောင်​တလက်​လက်​ထ​နေသည့်​Han ငယ့်​မျက်​ဝန်း​တွေကို ပြန်​မြင်​ယောင်​တော့ သူ့ကိုယ်​သူလိပ်​ပြာမလုံစွာ အလန့်​တကြား ပြတင်း​ပေါက်​ဘက်​အကြည့်​တို့ပို့မိတယ်​

ဘာလို့ Han ငယ့်​မျက်​ဝန်းတွေမှာ သူ့အ​ပေါ်သနားသလို အရိပ်​အ​ယောင်​တွေပါ​နေရတာလဲ
ဘာလို့ သူ့အ​ပေါ်အပြစ်​မြင်​စိတ်​တွေကို သူဖမ်းဆုပ်​မိလိုက်​ရတာလဲ
Han ငယ့်​စိတ်​ထဲ သူ့ကိုတကယ်​ပဲ​အထင်​သေးသွားခဲ့ပြီလား

အသက်​ရှုဖို့​မေ့သည်​အထိ သူရင်​မောစွာ​အ​တွေးများပြီး​နောက်​မော​မောပန်းပန်း သက်​ပြင်းရှည်​တစ်​ခုချမိတယ်​
သူအခုလိုပုံစံနဲ့ ပြန်​လာတာ မှားများမှားသွားပြီလား

"Hun"

သက်​ပြင်းချလိုက်​သံ​ကြောင့်​ထင်​သည်​Xing hyung က လမ်း​ဘေးဘက်​ကားချရပ်​ရင်း သူ့မျက်​နှာကို​စေ့​စေ့စိုက်​ကြည့်​သည်​

"hyung ကျွန်​တော်​ကျွန်​တော်​"

စိတ်​ထဲရှိ​နေသည့်​စကားတချို့ကိုဖွင့်​ထုတ်​ပြောပြချင်​သော်​လည်း အားနာတုံ့ဆိုင်းစွာ စကားစရှာမရ

"အိမ်​မပြန်​သေးဘဲ ကိုယ်​တို့တ​နေရာရာသွားကြမလား"

စိတ်​ပြေလက်​ပျောက်​ဖြစ်​ဖို့ အချိန်​လိုသည်​မို့ သူအလိုက်​သင့်​ခေါင်းညိမ့်​ပြလိုက်​မိသည်​
အခုချိန်​မှာ Xing hyung ရင်​ထဲ​ရော ဘယ်​လို​တွေခံစား​နေရ​လောက်​လဲ သူခန​လောက်​ဥ​ပေက္ခာပြု ပါ​ရ​စေ။

အ​တွေးကိုယ်​ဆီနဲ့ အချိန်​အ​တော်​ကြာ​အောင်​မောင်းနှင်​ခဲ့ပြီး​နောက်​မှာ​ရောက်​ရှိခဲ့တာ ပင်​လယ်​ပြင်​ဖွေး​ဖွေးတစ်​ခုဆီ

အ​ရှေ့က​နေအရင်​ဆင်းသွားတဲ့ Xing hyung​နောက်​သူ​ခြေတလှမ်းဆီ​ဖြေး​ဖြေးလှမ်းရင်း အ​နောက်​ကလိုက်​လျှောက်​မိတယ်​

"Dilemma"Where stories live. Discover now