Ch-4: ဇာတ်လိုက်။

4.1K 466 3
                                    

Ch-4: ဇာတ်လိုက်။

ထွက်လာချိန်တွင် ရှောင်ဇဲ သည် မတူညီတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။ သူ့ ကို အထက်တန်းလွှာသခင်ငယ်လေးလက်အောက်ရှိ အစေခံ အသားမဲမဲ သာမန်လူတစ်ယောက်အဖြစ်ပြောင်းလဲပေးခဲ့သည်။

သူ သည် ဝါးခမောက်ကို မျက်နှာပေါ် အောင် တစ်ဝက်စောင်းထားကာ အထည်ကြမ်း ကို ဝတ်ဆင်ထားသည်။ ရှောင်ဇဲ သည် လမ်းလျှောက်သည့်ပုံစံကိုပါပြောင်းလဲလိုက်သည်။ အရမ်းရင်းနှီးတဲ့ တစ်စုံတစ်ယောက်နဲ့တွေ့ခဲ့ရင်တောင်မှ အကြည့်တစ်ချက်နဲ့သူ့ကိုလုံးဝမှတ်မိမည်မဟုတ်ပေ။

သူတို့ အဖွဲ့လိုက်ထွက်လာခဲ့ကြသည်။

အစောင့်များ သည် မြင်းပေါ် ၌ ရှိနေပြီး သူတို့နှစ်ယောက်အတွက် ရထားလုံးတစ်ခုစီစဉ်ပေးသည်။ အထူးသဖြင့် ရထားလုံးထဲလိုက်ပါတဲ့ "နှစ်ဉီး" အတွက် ကာကွယ်ပေးဖို့စီစဉ်ပေးတာလည်းဖြစ်သည်။ သူတို့ ယောင်ချင်းခရိုင်မှ နိမ့်ကျစွာနဲ့အဖွဲ့လိုက်ထွက်လာခဲ့သည်။ သို့ပေမဲ့ မြို့ထဲကထွက်တော့ သူတို့ကို စုံစမ်းရှာဖွေခြင်းခံရသည်။ စုံစမ်းသူများသည် အသက်၃၀ အရွယ်ရှိ ပုံတစ်ပုံကိုင်ထားကြသည်။ ဘေးကပ်ဂျန်းယုခရိုင်က လူတစ်ယောက် ကိုသတ်ခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ‌ဆိုသည်။ ချီခွေ့ ဒါကိုမြင်ခဲ့သည်။သို့သော် ရှောင်ဇဲ၏ အသက်နဲ့ ထပ်တူမကျတာကြောင့် အရာရှိများချက်ချင်းထွက်သွားခွင့်ပြုခဲ့သည်။

ခရိုင်ကထွက်လာသည့်တိုင် ရှောင်ဇဲ ကို ရန်သူများ ရှာတွေ့ သွားမှာကို ချီခွေ့ အလွန်စိုးရိမ်နေခဲ့သည်။ သို့ပေမဲ့ ကြည့်ရတာ သူတို့အလွန်ကံကောင်းပုံရသည်။ သူတို့၏ ခရီးလမ်းအတော်လေး ငြိမ်းချမ်းသည်။

သို့ပေမဲ့ လမ်းတလျှောက်အနည်းငယ်မလွယ်ကူခဲ့ပေ။

နိုဗယ်အရ နောက်ပိုင်းနှစ်များတွင် ဧကရာဇ်၏ ခေါင်းမာမှုကြောင့် တာ့ချင်းအင်ပါယာ ကျဆုံးခဲ့သည်။

အရင်နှစ်များထဲ ဧကရာဇ် သံသယဖြစ်နေခဲ့တာကြောင့် ရလဒ်အနေနဲ့ တာ့ချင်းအင်ပါယာမ‌ကောင်းမွန်ပေ။ ရည်မှန်းချက်ရှိပြီးရင်ဆိုင်တွေ့ဆုံမှု‌မပြောင်းလဲနိုင်ခဲ့တာကြောင့် တာ့ချင်းအင်ပါယာ တဖြေးဖြေးချင်းအဆုံးသတ်သွားခဲ့သည်။ အထူးသဖြင့် အကျင့်ပျက်တဲ့အရာရှိများနဲ့ဓားပြများ ဘယ်လိုလုပ်ရှိလာခဲ့သလဲ။

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now