အပိုင်း-5 : ကယ်တင်ခြင်း။

4K 459 2
                                    

 အပိုင်း-5 : ကယ်တင်ခြင်း။

အပြင်၌ နေသာလျက် တောက်ပနေ၏။နေရောင်အောက် မှန်ရေကန် ၏ အောက်ခြေထိမြင်ရပြီး မှန်ရေကန်မှာ ကြည်လင်လှသည်။

ရေထဲတွင် မြုပ်လိုက်နှစ်လိုက် နှင့် ကောင်လေးတစ်ယောက် ကြိုးစားကူးခတ်နေသည်။ ထိုကောင်လေးမှာ ရေထဲစည်းချက်ညီညီ ရေထဲ မြုပ်လိုက် ပေါ်လိုက် ဖြစ်နေ၏။

ရေကန်အနားတွင် မော့မော့တစ်ဉီး၏အဝတ်အစားများကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရှိသည်။ ရေကန်ထဲသို့ ခုန်ချချင်ပုံရသော်လည်း မဝံ့မရဲဖြင့် အကူအညီမဲ့စွာ ဘယ်ညာသို့လမ်းပတ်လျှောက်နေသည်။

"အရှင်ဘုရား" ချီခွေ့ သည် အနောက်က ဘုန်ကြီးငယ်လေးကို ချက်ချင်းပြောလိုက်သည်။ "တစ်ယောက်ယောက် ရေနှစ်နေတယ် ပြတာနာတက်နေပုံပဲ ၊အရှင်ဘုရား အကူအညီသွားရှာပေးပါလား?"

ဘုန်းကြီးငယ်လေး မှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်နေသည်။ ဘုန်းကြီးငယ်လေးမှာ သဘောတူကာ ထွက်သွားသည်။

"ကယ်ကြပါ၊ဟွတ်..ဟွတ်၊"

ကောင်လေး၏ ပါးစပ်ထဲရေထဲဝင်လာသလို ပို၍နှစ်မြုပ်လာသည်။ ၎င်းကိုကြည့်ရင်း ချီခွေ့မှာ မတုန့်ဆိုင်းနိုင်တော့ ပဲ ရေထဲဒိုင်ဗင်ထိုးချလိုက်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင် က ရေကူးတက်လား ရေမကူးတက်လား မသိပေမဲ့ သူမ ကတော့ ကူးတက်တယ်။!

ချီခွေ့ မှာ ထိုကောင်လေးနားသို့ကူးခတ်သွားသည်။ အခုမူးဝေဝေဖြစ်နေသည့်ကောင်လေး မှာ ကူရာမဲ့နေကာ မရုန်းကန်နိုင်တော့ပေ။

ချီခွေ့ မှာ မစဉ်းစားတော့ပဲ ဒီကောင်လေးကို ကမ်းနားရောက်အောင် ရေကူးရင်း သယ်လာသည်။

သူမ ရေထဲတွင် သတိလစ်နေတဲ့ ကောင်လေးကို မောပန်းစွာသယ်လာခဲ့သည်။ ချီခွေ့ သည် အတော်လေးရေကူးကျွမ်းကျင်သော်ငြား သူမလည်း အားကုန်ခါနီးနေပြီဖြစ်သည်။

ထိုအချိန် မော့မော့သည် ကမ်းစပ်၌ ရှည်လျားတဲ့သစ်ပင်ကိုင်းကိုပို့ပေးလာသည်။ ချီခွေ့ သည် ၎င်းကို ဆွဲ၍ အလျင်အမြန်ပြောလိုက်သည်။ "ကလေးကိုအရင်သယ်"

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now