Ch-18 : ဗီလိန်

2.8K 359 2
                                    

အပိုင်း-18 : ဗီလိန်

"ဒုတိယမင်းသားက အစ်မရှင်းအတွက် ရောက်လာတာဖြစ်ရမယ်"မင်းသမီး ရင်ဂု က အပြုံးလေးနဲ့ ချီရှင်းကိုစနောက်သည်။

"ဒုတိယမင်းသားက အရမ်းချစ်ပုံပဲ "

တခြားသခင်မလေးများ လည်း မနာလိုဖြစ်လာတယ်။ ဒုတိယမင်းသား သည် အလွန်ကြည့်ကောင်း၍ အဆင့်အတန်းရှိသည်။ ချီရှင်း ဒုတိယမင်းသားလို ခင်ပွန်းရတာ ကံကောင်းတယ် !

ချီရှင်း ကြင်နာစွာနှာခေါင်းရူံ့သည်။ "မင်းသမီးကတော့ ထပ်ပြီး စနေပြန်ပြီ"

မင်းသမီးရင်ဂု သည် အပြုံးလေးနဲ အစေခံကို ပြောလိုက်သည်။ "သွား .. ဒုတိယမင်းသားရဲ့ ချစ်သည်းလေး ဒီမှာလို့သွားပြော။ လာမလား မလာဘူးလား?တစ်ချက်ကြည့်ရအောင်လား?"

ချီရှင်း မှာ လက်ကိုင်ပဝါကိုဆုပ်ထား၍ မျက်နှာပေါ် က အပြုံးမပျောက်ကွယ်သွားအောင်ပြုံးထားရသည်။

"..." ချီခွေ့ မှာ ခေါင်းကိုက်လာသည်။

ဒုတိယမင်းသား လာလာ မလာလာ ဘယ်သူဂရုစိုက်လို့လဲ။ ပြသာနာကောင် ရှောင်ဇဲပါ ပါလာမှာ< ငါ့ကိုလိမ်သွားတဲ့ ဒီအန္တရာယ်ကောင်နဲ့မပတ်သက်ချင်ဘူး!

ချီခွေ့ မှာ ထွက်သွားဖို့လုပ်ပေမဲ့ ချီရှန်းက ကျယ်လောင်စွာ ရှင်းရှင်းလင်းလင်း မေးလာသည်။ "တတိယအစ်မ ၊ ဒုတိယအစ်မရဲ့ ပန်းချီကို ဘယ်လိုထင်လဲ?"

သူ့စကားက သခင်မလေးများကိုအာရုံပြန်ရောက်စေသည်။

ချီခွေ့ ၏ စိတ်ထဲပြေးဖို့ကိုသာဆက်တွေးနေမိသည်။ သူမ သာမန်ထက်ယဉ်ကျေးသည့်အပြုအမူဖြင့်ပြောလိုက်သည်။ "အရမ်းလှတယ်"

မူလနိုဗယ်ထဲက ချီရှင်း သည် ကုချင်း၊ချက်၊အနုပညာနဲ့ပန်းချီ စတဲ့ အချက်များကိုအသေးစိတ်မှတ်မိသည်။

ထို့ကြောင့် သူမ ၏ အဖြေမှာ - "အရမ်းလှတယ်။" ဒါမှန်ကန်တဲ့ အဖြေပဲ!

"..." ချီရှန်း မှာ ဒေါသထွက်သွားသည်။ ချီခွေ့ စည်းမျဉ်းအရ မကစားဖူးဘူးလို့ ခံစားလိုက်ရသည်။ ဘယ်လိုလုပ်အောက်ဆွဲချနိုင်တော့မလဲ?

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now