Ch-21 : "ချီရှင်း-၃"

2.7K 330 0
                                    

အပိုင်း-21 အထက်တန်းလွှာ

ချီရှင်း သည် "အရှင့်သား" ဟု ကြင်နာစွာခေါ် ၍ သူ့ထံသို့ လျှောက်လာသည်။ သို့သော် သူမ ခြေလှမ်းများရပ်သွားကာ ကုဂျင်းကို ဝမ်းနည်းဖွယ်၊သနားဖွယ်၊ထိတ်လန့်နေဖွယ်ကြည့်နေသည်။

ဒေါသထွက်နေသည့် ကုဂျင်း မှာ ရုတ်တရက်ထိတ်လန့်သွားကာ ချီရှင်း၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်၍ စိုးရိမ်နေသည့်အသံဖြင့် ပြောသည်။ "ရှင်းအာ၊အဆင်ပြေလား? ရှင်းအာ"

ချီရှင်း သည် မျက်လုံးမှိတ်၍ ကုဂျင်း၏လက်မောင်းထဲမှီကာ မျက်တောင်များတုန်ယင်နေလျက် သူမ၏စိုးရိမ်နေမှုမဖြေရှင်းနိုင်ခဲ့ပေ။

ချီရှင်း ရုတ်တရက်မေ့လဲသွားတော့ ရေပန်းကြည့်စင် မှာ မငြိမ်မသက်ဖြစ်သွားသည်။

သခင်မလေးများ သည် ရုတ်တရက်ငိုယိုလျက်၊မင်းသမီးရင်းဂု မှ အစေခံများကို သမားတော် အား သွားပင့်ခိုင်းသည်။

ကုဂျင်း သည် ချီရှင်းကိုအလွယ်ကူပွေ့ချီ၍ အစေခံများယူလာသည့် ခုံ၌ချလိုက်သည်။ သူသည် အလျင်စလိုဖြစ်နေသော်ငြား စက်ဆုပ်သောအကြည့်ဖြင့် ချီခွေ့ကိုကြည့်ဖို့ မမေ့။

ချီခွေ့ "... "

ထားလိုက်တော့၊ငါက ဇာတ်လိုက်မ ထောက်ပံ့မဲ့ အမြှောက်စာလေးပဲဟာ။ ကြိုက်တာမကြိုက်တာ၊မုန်းတာမမုန်းတာ၊ဘာများ ကွာခြားလို့တုန်း။

"ကလေးမ၊ဒီအစ်ကိုကြီးအတွက် လက်ဘက်ရည်ကြမ်း ဖျော်ပေး " ထိုအချိန် ကုဇဲရှီ က ပြောလိုက်သည်။

လက်ဘက်ရည်ကြမ်းဖျော်ပေးရမယ် ? ချီခွေ့ မှာ သတိကပ်သွားကာ စိတ်ထဲတွင် ပြောမိသည်။- ဒီလူက လူတွေကိုအမိန့်ပေးချင်တုန်းပဲ!

သို့ပေမဲ့ သူမ၏လက်ကျန်အတွေးများဖြင့် လက်ဘက်ရည်အိုးယူကာ ပျော်ရွှင်စွာလုပ်ပေးသည်။ ဒီနေ့ သူမ ရွှေရောင်ဗီလိန်ဆီက အကျိုးအမြတ်ယူခဲ့တာလေ၊လက်ဘက်ရည်ကြမ်းတစ်ခွက်ပဲဟာ ဖျော်ပေးလိုက်မယ်။

ချီခွေ့ သည် သာမန်အတိုင်း လက်ဘက်ရည်ကြမ်း ကိုလောင်းထည့်၍ အလွန်ကို စေတနာများရက်ရက်ရောရောဖြင့်ပြောလိုက်သည်။ "အစ်ကိုကြီး သောက်ပါရှင့်"

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now