အပိုင်း-28+29: ရင်းနှီးတယ်။-၄

2.2K 279 0
                                    


အပိုင်း-28+29: ရင်းနှီးတယ်။-၄

ချီခွေ့ သည် နန်းတော်ထဲနေတာ ၁၀ ရက်ရှိပြီ။အမြဲတမ်း ဧကရီမယ်တော်ကြီး ကို ဧကရီ သွားနှုတ်ဆက်တိုင်းလိုက်လာတက်သော်ငြား မကြာသေးခင် ဧကရီမယ်တော်ကြီး နဲ့ဧကရီအငြင်းပွားနေတာကြောင့် ဧကရီ သည် ချီခွေ့ကိုမခေါ် သွားတော့ပေ။

ဧကရီမယ်တော်ကြီး ချီခွေ့ကိုအရင်ကမြင်ဖူးသည်။ ဧကရီမယ်တော်ကြီး ချီခွေ့ ကိုမြင်တိုင်း စိတ်ထဲ -။ ဒီကလေးထက်မြက်တယ်ဧကရာဇ်ဒီကလေးကို ချီးကျုးတာမအံ့ဩတော့ဘူး ဟူ၍ တွေးမိသည်။

ချီခွေ့ ဆက်ပြောလိုက်သည်။ "တာအိုဆရာသခင်အိုက ပြောခဲ့တယ်အဂ္ဂိရတ် ဆိုတာ မသေမျိုးရဲ့အနုပညာရပ်တစ်ခုပဲ။ တာအိုအဆင့်မြှင့်ဆရာသခင်တစ်ယောက်ရှိကောင်းရှိလိမ့်မယ်။သို့ပေမဲ့လောကမှာနာမည်ဂုဏ်သတင်းအတုတွေအများကြီးရှိသူတွေ သနားစရာပဲ။ ဘယ်သူကအစစ် ဘယ်သူကအတု အတိအကျပြောဖို့ခက်ခဲတယ်"

ဧကရီမယ်တော်ကြီး သည် မကြာမကြာခေါင်းညိတ်၍ အနည်းငယ်အနှောက်အယှက်ဖြစ်သွားသည်။ထက်မြက်တဲ့အသိကြောင့် ကျွမ်းကျင်တယ်လို့လူသိများတဲ့ ယွမ်ဂေါင်ကိုဖိတ်ကြားခဲ့သည်။

တွေးရင်း ဧကရီမယ်တော် ကြီး သူ့ကိုယ်သူဂုဏ်ယူမိကာ ခေါင်းမော့တက်သွားသည်။

"..." ယွမ်ဂေါင် မှာ တိတ်တိတ်သာနေ၏။

နောက်ဆုံးတစ်ခေါက်တွေ့ဆုံမှုက ဘယ်လောက်တောင်ထက်မြက်ပြီးပြောစရာစကားမဲ့အောင် လုပ်ခဲ့သလဲ၊ဒီမိန်းကလေး ကို သာမသိခဲ့လျှင် ရိုးရှင်းသန့်စင်တယ်လို့တွေးမိမှာ။သို့ပေမဲ့ အခုတော့ ဒီမိန်းကလေး က နတ်ဆိုးပဲ!

ချီခွေ့၏စကားလုံးများက တစ်ခုခုကိုအမြဲရည်ရွယ်တယ်လို့ ခံစားရတယ်။!

ချီရှင်း သည် ချီခွေ့၏နှုတ်ခမ်းထောင့်တွန့်နေသည်ကိုကြည့်ရင်း ချီခွေ့ တစ်ခုခုလုပ်နေတာသိလိုက်သည်။ ချီခွေ့ က တကယ် ထက်မြက်တယ်ဧကရီသူ့ကိုချစ်မြတ်နိုးတာမလုံလောက်လို့ ဧကရီမယ်တော်ကြီး စိတ်ကိုရယူချင်သေးတာ၊ချီခွေ့၏အတွေးအရမ်းရိုးစင်းလွန်းတယ်။

"ယွမ်ဂေါင်" ဧကရီမယ်တော်ကြီး ယွမ်ဂေါင်ဆီ လှည့်လာကာ လွန်ခဲ့သည့် ၂ ရက်က တွေးထားသည့်အတွေးကိုပြောပြသည်။

စကားမပြောခင် ယွမ်ဂေါင်ရဲ့ဖျော့တော့သည့်မျက်နှာနဲ့ တစ်ကိုယ်လုံးတုန်ယင်ကာ ချွေးစေးများထွက်နေ သည် ကို တွေ့ရသည်။

ယွမ်ဂေါင်၏အပြုအမူ ထူးဆန်းနေသည်ကို တခြားလူများ သတိထားမိပြီး အင်ပါယာကြင်ယာတော်လျို က ခေါ်လိုက်သည်။ 'ယွမ်ဂေါင်"

"တာအိုဆရာသခင်မ "

ယွမ်ဂေါင် သည် နာကျင်လာကာ အစာအိမ်ကိုဖုံးကွယ်ထား၍ မထိန်းချုပ်နိုင်အောင် ပါးစပ်ဖွင့်ချင်လာသည်။

ဧကရီမယ်တော်ကြီး သည် ရုတ်တရက်တစ်ခုခုတွေးမိပြီး မျက်လုံးများလဲ့သွားကာ ယွမ်ဂေါင် ပါးစပ်ဖွင့်လာမှာကိုကြည့်နေရင်း —မျှော်လင့်ထားသည်အတိုင်း

ယွမ်ဂေါင်၏သွားဖုံးများနီရဲတက်လာကာ သွေးများမြိုချနေပြီး သွေးထွက်သံယိုတချို့ မှုန်မှုန်ဝါးဝါးမြင်ရသည်။

ဧကရီမယ်တော်ကြီး၏မျက်လုံးဝိုင်းစက်သွားကာ ချီခွေ့ သူ့ကိုပြောပြသည့်ပုံပြင်ကိုအမှတ်ရလာသည်။

တာအိုဆရာသခင်အိုကြီး ပြောတာက ဒီဆေးလုံးမမှန်ရင် မှားနေရင် အဆိပ်ပဲ။

နာကျင်မှု။ပါးစပ်ရွဲ့မယ်။ သွေးများ၊အကြောများသေမယ်။

ထိုအချိန် ယွမ်ဂေါင် မှာ ထိုလက္ခဏာများအတိအကျဖြစ်လာတယ်။ တာအိုဆရာသခင်အိုကြီးပြောသလို ယွမ်ဂေါက် က အဆိပ်ရှိဆေးလုံး၊နတ်ဆိုးဆေးလုံးကို ယူလာခဲ့တယ်!

ကြည့်ရတာ ယွမ်ဂေါင် လည်း အထဲမှာအဆိပ်မိနေတာလား?!

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now