အပိုင်း-23+24+25 : နှလုံးသားပျော့ပျောင်းတယ်။

2.5K 285 0
                                    

အပိုင်း-23+24+25 : နှလုံးသားပျော့ပျောင်းတယ်။

"ခွေ့လေး"

ချီခွေ့ မနေ့က ပြန်ထွက်သွားခဲ့တာ ဒီနေ့ပြန်ရောက်လာသည်။ ဧကရီဝေ သည် အလျင်အမြန် သူမ၏ဘက်သို့လာဖို့ အချက်ပြသည်။

"အဆင်ပြေရဲ့လား? ချီမိသားစုအနိုင်ကျင့်ပြန်ပြီလား?" "

ချီခွေ့ သည် အရိုအသေပေး၍ ဧကရီဝေဆီ လျှောက်လာကာ ပျော်ရွှင်စွာပြုံး၍ပြောလိုက်သည်။ "ဧကရီအဒေါ် မစိုးရိမ်ပါနဲ့၊ခွေ့လေး အနိုင်ကျင့်မခံရဘူး၊ခွေ့လေးက ချီရှင်းကို အနိုင်ကျင့်ခဲ့တာ၊ပြသာနာတွေနဲ့ဝေးဝေးနေချင်လို့ရောက်လာတာပါ"

ခွေ့လေး မှ "ပြသာနာတွေနဲ့ဝေးဝေးနေချင်တယ် " စကား ဂုဏ်ယူစွာပြောလာသည်။

ဧကရီ သည် ချီခွေ့၏စကားလုံး ကို အလွန်သိချင်သွားကာ မျက်ခုံးပင့်၍မေးလိုက်သည်။ "ဘာဖြစ်ခဲ့လဲ?"

ချီခွေ့ သည် ဖုံးကွယ်ထားဖို့ မတွေးပဲ ချီရှင်းအပေါ် လွှတ်ချခဲ့တဲ့ စကားလုံးများ ကို ပုံပြင်တစ်ခုအဖြစ် ပြန်ပြောပြသည်။ မျှော်လင့်ထားသည့်အတိုင်း သူမ ဆီက ပုံပြင်တစ်ခုလုံးကြာတော့ ဧကရီမှာ ပျော်ရွှင်သွားပြီး ရီရခက်ငိုရခက်ဖြစ်နေ၏။

ဧကရီ သည် သေးငယ်သော လက်လေးနှင့်ချီခွေ့၏နဖူးကိုကိုင်ကာ အပြုံးဖြင့်ပြောလိုက်သည်။ "မင်းနည်းနည်းဆိုးနေပါလား"

ဧကရီဝေ ပြုံးနေသော်လည်းအတွေးထဲပြောနေမိသည်။— ခွေ့လေး က သူ့ညီမရဲ့တကယ့်သမီးပဲ သူတို့တစ်ပုံစံတည်း ဘယ်တော့မှလက်လျော့ဖို့ငြင်းဆန်သူတွေ!

ပြန်ကြည့်ရရင် ချီရှင်း၊အဲမိန်းကလေးနဲ့ သူ့ညီမလေး နှိုင်းယှဉ်ရင်တောင် ဘာမှမဟုတ်ဘူး။ တစ်ချိန်လုံးအပြစ်ကင်းစင်ပုံလေးဖြစ်အောင် ငိုဖို့ပဲသိသည်။ ဒီနှစ်တွေမှာ ချီရှင်း ဒီလိုလူစားမျိုးဆိုတာနားမလည်ခဲ့ဘူး! သူမကိုယ်သူမသာအပြစ်တင်မိသည်။

ဧကရီ သည် ချီခွေ့၏လက်ကိုကိုင်၍ပြောလိုက်သည်။ "ခွေ့လေး၊နောက်ခါ ဒီလိုအခြေအနေမျိုးထပ်ကြုံရရင် မင်းလုပ်ချင်တာ ဘာမဆိုလုပ် မကြောက်နဲ့! ဒီအဒေါ်၊မင်းအနောက်ကနေအမြဲတမ်း ထောက်ပံ့ပေးမယ်!"

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now