အပိုင်း-14 : အိမ်ပြန်လာခြင်း။

2.8K 387 0
                                    

အပိုင်း-14 : အိမ်ပြန်လာခြင်း။

ချီဇဲနိုင်းမှာ လှောင်ပြုံးပြုံးနေသည်။

ချီရှင်း ဒုတိယအိမ်တော်ဆီသို့ ရောက်မရောက်ဂရုမစိုက်ဘူး။ သူလည်းအသက် ၁၈ နှစ်ပြည့်နေပြီဖြစ်သည်။ စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ ဒီမိသားစုထဲက ခွဲထွက်၍ တစ်ယောက်တည်းရှင်သန်နိုင်တယ် ! ချီရှင်း သူ့မိဘနာမည်အောက် မရောက်သရွေ့ အဆင်ပြေတယ်။!

ချီရှင်း ၏ မျက်တောင်များအနည်းငယ်တုန်ယင်နေကာ ချီကျန့်ကိုကြည့်လိုက်သည်။

ဒုတိယဉီးလေးက မြို့စားတစ်ယောက်။ဒုတိယဉီးလေးနာမည်အောက် ဆိုရင်သေချာပေါက် အထက်တန်းလွှာနေရာခိုင်မာလိမ့်မည်။

ချီခွေ့လိုမျိုးတောင် မဟုတ်ဘူး!

"အဆင်ပြေတယ် " သခင်မကြီးချီလည်း ခေါင်းတညိတ်ညိတ်နဲ့ပြောလာသည်။

"ချီကျန့်၊ ရှင်းအာ ကို မင်းရဲ့ နာမည်အောက်ထည့်လိုက်။မင်းမိန်းမ နယ်နင်ဒဏ်ပေးခံရတုန်းက မွေးခဲ့တာလို့ ပြောရအောင်!"

"အမေ၊ ဒါ မမှန်ဘူး!" မြို့စားကတော်ဆူး မှ တုန့်ဆိုင်းစွာပြောလာတယ်။

"လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်မတို့မိသားစုက ကလေးကို အဝေးပစ်ခဲ့တယ်ပြောရင် ဘယ်သူမှမယုံကြည်မှာစိုးမိတယ်၊"

" အပြင်ကလူတွေကို ပထမအိမ်တော် က သမီးကြီး မတော်တဆပျောက်သွားခဲ့တယ်လို့ပြောမယ်။ ဒုတိယအိမ်တော် သမီးလည်း ထပ်တူပျောက်သွားတယ်လို့ ပြောရင် သူတို့အရူးမဟုတ်ဘူး၊ အမေ"

ဧကရာဇ် နှင့် ဧကရီ တို့ သည် ဖြစ်ခဲ့သည်ကို သိသော်ငြား သူတို့ အပြင်ကလူတွေမသိအောင် ဖုံးကွယ်ထားဖို့လိုအပ်သည်။

ချီကျန့်မှာ စတင်တုန့်ဆိုင်းလာသည်။ မြို့စားကတော်ဆူး ပြောသည်မှာ အကြောင်းအကျိုးသင့်သည်။ ဒ့ါအပြင် ရှင်းအာ သည် ဒုတိယမင်းသားရဲ့ကြင်ယာတော်၊ ဧကရီဖြစ်လာမည့်သူဖြစ်သည်။ ရှင်းအာရဲ့နောက်ကြောင်းကို သေချာမရှင်းထားလို့ မရဘူး။ ဒီလိုမျိုးဆို အနာဂတ်မှာ သမိုင်းစာအုပ်ထဲထည့်သွင်းလို့ကောင်းမှာမဟုတ်။

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now