Ch-26 : အကြောင်းအရာများ။-2

2.4K 310 0
                                    

Ch-26 : အကြောင်းအရာများ။-2

ကုဇဲရှီ သည် နွေးထွေးစွာပြုံး၍ "ငါ့ညီမလေး စိတ်ဝင်စားစရာတစ်ခုခုလုပ်နေတယ် ကြားတယ်"

တစ်ခုခုစိတ်ဝင်စားစရာ? ချီခွေ့ မှာ တောင့်ခဲသွားသည်။ ကုဇန်အတွက် ကုဗတုံးလေး လုပ်ပေးခဲ့တာကိုပြောတာလား?

ရွှေရောင်ဗီလိန်ကြီးရဲ့တောင်းဆိုချက်ကိုကြားတော့ ချီခွေ့ အလျင်အမြန်ပြောလိုက်သည်။ "မနက်ဖြန်တစ်ယောက်ယောက်ပြောပြီး ပို့ခိုင်းလိုက်မယ်"

သူတို့နှစ်ယောက်သား ရီကာ ပြောနေပြီး လေထု မှာ အလွန်လိုက်ဖက်လှသည်။

ဘေးနားက ဧကရာဇ်အပါအဝင် မင်းသမီးရှီအန်း မှာ မျက်ခုံးမြှင့်တက်သွားသည်။

သခင်မလေးအများစု သည် ချီခွေ့နဲ့ တတိယမင်းသား တို့ ရင်းနှီးကြသည် ဟူသည့် ကောလဟာလများကြားခဲ့တယ်။သို့သော် သူတို့အမှန်လို့မထင်ခဲ့ဘူး သူတို့နှစ်ယောက်က ကမ္ဘာမတူသည့်လူများဖြစ်ပြီး ရင်းနှီးဖို့မဖြစ်နိုင်ချေ။

သူတို့အားလုံး သည် ဧကရာဇ် ဘေးက ကုဇဲရှီ ကို ကြည့်ရင်း နောက်ခံအမှန်ကို ခန့်မှန်းမိကြသည်။

လွန်ခဲ့သည့်ရက်ပိုင်းက ဘိုင်ရန်ဒုတိယမင်းသား က တာ့ချင်း ကို ကိုယ်စားလှယ်အနေနဲ့လာလည်ပတ်ခဲ့သည်။

ပြောကြသည်က တော့ ဒုတိယမင်းသားဘိုင်ရန်(ယဲ့လုလွမ်) က တာ့ချင်းကို ငြိမ်းချမ်းအောင်လုပ်ဖို့ လာသည်လို့ဆိုသည်။ သူတို့အားလုံး ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်ဖို့မျှော်လင့်ကြသည်။

"ဇဲရှီ၊မင်း ချီခွေ့နဲ့ရင်းနီးသလား?"

ဧကရာဇ် သူတို့ကိုကြည့်၍ သိချင်စိတ်နဲ့မေးလိုက်သည်။ ကုဇဲရှီ သည် မြို့တော် ကို ရောက်တာရက်အနည်းငယ်သာရှိသေးတယ်ဧကရာဇ် အခုလိုမျိုး တခြားသခင်မလေးများနဲ့ ရင်းရင်းနှီးနှီးနေတာမျိုးမတွေ့ဖူးသေးဘူး။

ကုဇဲရှီ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ချီခွေ့ "..."

ဟုတ်ပြီလေ သူ့အစီအစဉ်အတိုင်းသွားကြတာပေါ့။

ဧကရာဇ် ကျောက်စိမ်းလက်စွပ်ပွတ်ကာတွေးနေတယ်။

ကုဇဲရှီ သည် မြောက်ပိုင်း၌ မွေးဖွားခဲ့သည်။ မြို့တော်ကို လွန်ခဲ့သည့် ၉ နှစ်က တခေါက်ရောက်ဖူးသည်။ထိုအချိန်တုန်းက သူ့အသက် ၁၀ နှစ်သာရှိသေးသည်။

ထိုနှစ်တွေမှာ ဘုရင်သွမ့် အနောက်လိုက်လာခဲ့ပြီး မထွက်သွားခင် မြို့တော် မှာ ၃ လ နေခဲ့သည်။ ဧကရာဇ်က သူ့ ဝမ်းကွဲအစ်ကို(ကုဇဲရှီ) က သူ့ထက် အသက် ၂၀ လောက်ကွာသည်ကို သူသိသည်။

ကုဇဲရှီရဲ့အကျင့်စရိုက်များ သည် အသက် ၁၀ နှစ်တည်းက အလွန်သိမ်မွေ့ကာ နှစ်လိုဖွယ်ကောင်းသည်။ တစ်သီးတခြားဆန်သည်။ အမြဲတမ်းချိုသာတဲ့အပြုံး ပြုံးတက်သည်။

ဧကရာဇ် သည် သူဒေါသထွက်နေတာမျိုးမမြင်ဖူးဘူး။ တစ်ခါတစ်လေတော့ ကုဇဲရှီ၏မျက်နှာပေါ် က အပြုံးသည် အပြုံးအတု ဟု ထင်မိသည်။ သို့ပေမဲ့ချီခွေ့ကို ဆက်ဆံပုံကိုကြည့်ရသလောက် ကုဇဲရှီရဲ့မျက်နှာဖုံးအတု ပျောက်သွားတာ ဧကရာဇ် နားလည်လိုက်သည်။

ပြီးခဲ့သည့် ၃ ရက်က ဘုရင်သွမ့်ဆီက စာလက်ခံရရှိခဲ့သည်။

ဇဲရှီ လုပ်ကြံခံရတဲ့ကိစ္စ စစ်ဆေးပေးဖို့ဖော်ပြထားသည်။ ဘုရင်သွမ့်၏သား မင်းသားကြီးသွမ့် (ကုချန်းရှီ) သာဆိုရင် သေချာပေါက် ကုဇဲရှီ ကို အကြောင်းကြားမှာဖြစ်သည်။

တခြားတစ်ဖက်မှာတော့ ဘုရင်သွမ့်က ဧကရာဇ် ကို ကုဇဲရှီအတွက် လက်ထပ်ပွဲစီစဉ်ပေးဖို့မေးထားသေးသည်။

ဒီနှစ်ကုန်ခါနီးရင် ကုဇဲရှီ အသက် ၂၀ ပြည့်ပြီ။ လက်ထပ်သင့်နေပြီ သို့ပေမဲ့ ငြင်းဆန်ခဲ့သည်။ ဘုရင်သွမ့် သည် ဆက်ခံသူကြောင့် ကုဇဲရှီ လက်ထပ်ပွဲအတွက် ရာထူးအတွက်စီစဉ်ဖို့ခက်ခဲသည်။

ထိုအချိန်က သွမ့်ရဲ့ပထမဉီးဆုံးသားကြီး ကုချန်းရှီ (မင်းသားကြီးသွမ့်)က အိမ်ရှေ့စံဖြစ်နေပြီး အိမ်ရှေ့စံမင်းသမီးဟာလည်း ကြီးမြတ်တဲ့လေးဆင့်ရှိအရာရှိမိသားစုကသမီးကြီးဖြစ်သည်။

တကယ်လို့ ကုဇဲရှီအတွက် အဆင့်အတန်းမြင့်သည့် ဇနီး ရွေးချယ်ပေးခဲ့ရင် ညီအစ်ကိုကြား မသင့်မြတ်မှာစိုးမိသည်။

သို့ပေမဲ့ ကုဇဲရှီက သူ့နောက်ခံကြောင့် သားကြီးကုချန်းရှိလိုမျိုး လေးဆင့်ရှိ အရာရှိမျိုးရိုး ကြီးမြတ်တဲ့မိသားစုက သမီးကြီးနဲ့ မထိုက်တန်ဘူး။

ဒါ့ကြောင့်ပဲ ကုဇဲရှီ သည် အသက် ၂၀ တိုင် လက်မထပ်ရသေးတာဖြစ်တယ်။ သွမ့်အိမ်ရှေ့စံက ကုဇဲရှီ၏အသက်အရွယ်၌ ကလေး ၃ ယောက်ရှိနေပြီဖြစ်သည်။ ဒါကပဲ ဘုရင်သွမ့်ကို ပိုထိတ်လန့်စေတာဖြစ်သည်။

ဆန့်ကျင်ဘက်အနေနဲ့ ကုဇဲရှီ၏လက်ထပ်မဲ့ကိစ္စ တည်ငြိမ်နေတာကြောင့် သွမ့်ဘုရင်က ဧကရာဇ် ကိုအကူအညီတောင်းထားခဲ့သည်။ 

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now