အပိုင်း-28+29: ရင်းနှီးတယ်။-၅

2.4K 286 4
                                    


အပိုင်း-28+29: ရင်းနှီးတယ်။-၅

ဧကရီမယ်တော်ကြီး သည် တွေးနေပြီးမနေနိုင်စွာ ချီခွေ့ကိုကြည့်လိုက်သည်။

ချီခွေ့ လည်းအံ့ဩသွားကာ ယွမ်ဂေါင်ကိုကြည့်၍ မေးသည်။ "တာအိုဆရာသခင် ဘာဖြစ်လို့လဲ? ဘာလို့အဲခုလိုဖြစ်လာတာလဲ? ဘာလို့ ဆရာသခင်ချန်းလိုမျိုး အတိအကျဖြစ်လာတာလဲ?!"

ဧကရီမယ်တော်ကြီး မေးလိုက်သည်။။ "တကယ်ကိုအတိအကျလား?"

"ဟုတ်တယ်" ချီခွေ့ ခေါင်းညိတ်၍ ပြောလိုက်သည်။ "အဲတုန်းက ခရိုင်က နာမည်ကြီးသမားတော် တွေ ဆရာသခင်ချန်းကို လာကြည့်တယ်၊ဆရာသခင်ချန်းမဆုံးပါးခင် အဲလိုမျိုးဖြစ်ခဲ့တာ ခရိုင်တစ်ခုလုံးသိတယ်"

ချီခွေ့ သည် ယွမ်ဂေါင်ကိုကြောက်လန့်ဖွယ် ထပ်ကြည့်၍ သူမ၏မျက်နှာမှာ သရဲတစ်ကောင်မြင်လိုက်ရသလိုဖြစ်နေ၏။

"ငါ .. ငါရတယ်" ယွမ်ဂေါင် သည် လက်ကိုင်ပဝါဖြင့် သုတ်ကာ နာကျင်မှုကိုဆက်ထိန်းထားသည်။ လူတိုင်းရှေ့အရူးအဖြစ်မခံနိုင်ဘူး။

ချီရှင်း မှာ မျက်မှောင်ကြုံ့သွားသည်။ သူမ သည် စကားပြောဖို့တုန့်ဆိုင်းနေကာ နောက်ဆုံးတိတ်တိတ်သာနေ၏။

ဧကရီမယ်တော်ကြီးလျိုဟာ တခြားဘယ်သူမှကိုဂရုမစိုက်ပဲ ယွမ်ဂေါင်ကို ခက်ထန်စွာကြည့်ရင်း ပိုပိုသံသယဝင်လာသည်။

"အဆိပ်ခန္ဓာကိုယ်ထဲဝင်ရင် ဘယ်လိုလက္ခဏာမျိုးရှိသလဲ?"

ချီခွေ့ အနည်းငယ်မျက်ခုံးတွန့်ကာပြောလိုက်သည်။ "ဉီးနှောက်ပျက်စီးတာ" ပြောရရင် လေဖြတ်တာ ဟုတ်တယ်! တာအိုဆရာအိုကြီးက ပြောခဲ့တာ နတ်ဆိုးအဆိပ်ခန္ဓာကိုယ်ထဲဝင်ရင် အသားအရည်ပိန်လာမယ်၊အနီရောင်အဖုထွက်လာမယ်အနီရောင်အဖုနေရာတိုင်းပျံသွားမယ်"

ဒါကိုကြားသောအခါ ဧကရီ၏အကြည့်နက်မှောင်နေကာ လက်ကိုင်ပဝါတင်းတင်းဆုပ်ထားသည်။

ဧကရီမယ်တော်ကြီး သည် ချက်ချင်းအမိန့်ပေးလိုက်သည်။ "မော့မော့ဝမ် ယွမ်ဂေါင်ရဲ့နောက်ကျော ကို တစ်ချက်သွားကြည့်စမ်း!"

မော့မော့ဝမ် သည် အစေခံနှစ်ယောက်နဲ့အတူလျှောက်မြန် လာသည်။ အစေခံနှစ်ယောက် ယွမ်ဂေါင်ကို ကိုင်ထားပြီး မော့မော့ဝမ် ကိုယ်တိုင် အဝတ်အစားများလှန်ကြည့်သည်။ လည်ပင်းနဲ့အနောက်ဘက်၌ အနီရောင်အစက်များကိုမြင်လိုက်သည်။

မော့မော့ဝမ် လန့်သွားကာ ဧကရီမယ်တော်ဆီအလျင်အမြန်လျှောက်တင်လိုက်သည်။ "ဧကရီမယ်တော်ကြီး အနီရောင်အစက်အပျောက်ရှိနေတယ်!"

မယ်တော်ကြီး : "..."

တစ်ဖက်မှာတော့ မယုံကြည်သော်လည်း ဒါမှန်ဆိုတာ သိ၏။

အမျိုးမျိုးသော လက္ခဏာများ ပြသလာတော့ ယွမ်ဂေါင်၏ခန္ဓာကိုယ်အဆိပ်ရှိတာထင်ရှားတယ်!

ဧကရီမယ်တော်ကြီးတည်ငြိမ်အောင်ထိန်း၍ ပြောလိုက်သည်။ " လူအိုကြီးဆရာသခင်ပြောချက်အရ ဆေးမမှန်ရင် အဆိပ်ပဲ။ သောက်ပြီးရင် အဆိပ်က ခန္ဓာကိုယ်ထဲဝင်သွားတယ်။ ခန္ဓာကိုယ်ကိုထိခိုက်စေတယ်အတွင်းကလီစာတွေ အပေါက်ပေါက် ဖြစ်စေပြီး ခန္ဓာကိုယ်ကိုပြိုကျစေတယ်။အဆိပ်က မြိုချလိုက်တယ်။ နှလုံးသားထဲရောက်သွားရင် အနီစက်ထွက်လာမယ်၊ပါးစပ်ရွဲမယ်နာကျင်မယ်၊အကြောသေမယ်၊မူးဝေမယ်"

ဧကရီမယ်တော်ကြီး သည် ချီခွေ့ ပြောသမျှ ထပ်ပြောနေသည်။

ချီခွေ့ ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်နှာသေးသေးလေး၏အမူအရာထဲတွင် အံ့ဩနေတာကော စိတ်ရူပ်နေတာပါပါဝင်နေ၏။

"ယွမ်ဂေါင် အဲလောက်ကျွမ်းကျင်တာ မသက်ရောက်သင့်ဘူး။ တာအိုဆရာသခင်အိုကြီးပြောတာတော့ အဂ္ဂိရတ်ထဲကထွက်လာတဲ့ဆေးလုံးတိုင်းက ဘယ်လို "အဆိပ်ဆေး" မျိုးလဲဆိုတာ ဘာမှမသိနိုင်ဘူးတဲ့"

မယ်တော်ကြီး မှာ ပိုပြီးကြောက်သွားသည်။ တွေးကြည့်ရရင် ယွမ်ဂေါင် က တာအိုဆရာသခင်မဟုတ်ပဲ နတ်ဆိုးများလား?

မယ်တော်ကြီး မယုံကြည်ပါ။ ဧကရီမယ်တော်ကြီး၏အကြည့်များကြောက်ဖို့ကောင်းနေပြီး ယွမ်ဂေါင်ကိုကြည့်လိုက်သည်။

ခန်းမ၌ လူအများအပြားရှိနေ၏။ ဧကရီ၊ကြင်ယာတော်တွေ၊တခြားမင်းသမီးများလည်း ဧကရီမယ်တော်ကြီး "လျို"ကိုခြံရံလျက်ရှိသည်။

ဧကရီမယ်တော်ကြီး သည် သက်တော် ၅၀ ပြည့်ပြီဖြစ်ပြီး အသဲကွဲရောင်အနီရောင်ဆင်မြန်းကာအဖြူရောင်ဆံပင်များထက်ဝယ် ဆံထိုးများထိုးထားသည်။အသားအရည်သေချာဂရုစိုက်တာကြောင့် အသက်အရွယ်ထက် ပိုငယ်ရွယ်ပုံပေါက်သည်။

တာအိုဆရာသခင်မယွမ်ဂေါင် သည် ဧကရီမယ်တော်ကြီးဘက်ခြမ်း၌ မတ်တပ်ရပ်နေ၏။ သူမ မတ်တပ်ရပ်နေစဉ် ညစ်ပတ်သည့်အရာများပျောက်ကွယ်သွားပြီလို့ခံစားရသည်။

ယွမ်ဂေါင် သည် ချီခွေ့ နဲ့မျက်လုံးချင်းဆုံခိုက် ယပ်တောင်ကိုင်ထားသည့် လက် မှာ တုန်ယင်သွားလေသည်။

You've reached the end of published parts.

⏰ Last updated: Mar 11 ⏰

Add this story to your Library to get notified about new parts!

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now