အပိုင်း-28+29: ရင်းနှီးတယ်။-၁

2.4K 274 0
                                    

အပိုင်း-28+29: ရင်းနှီးတယ်။-၁

ယွမ်ဂေါင် သည် ချီခွေ့နှင့်ဆုံရမှာအနည်းငယ်ကြောက်မိသည်။ ထပ်စော်ကားခံရမှာကြောက်နေတာဖြစ်၏။

သူမ သည် မှားယွင်းဖူးပေမဲ့ ဧကရီမယ်တော်ကြီး သူမ အပေါ် ယုံကြည်သေးသည်။

နောက်တခါ ဒီမိန်းကလေးကိုမြင်သောအခါ သူမ ထပ်ရှောင်ချင်မိသည်။ တည်ငြိမ်သည့်ထိုမိန်းကလေးမျက်လုံးများထဲ ဘာတွေးနေလဲ ပြောဖို့ခက်ခဲသည်။

ယွမ်ဂေါင် သာမဟုတ် ချီရှင်းလည်းရှိနေ၏။

ချီရှင်း ဧကရီမယ်တော်ကြီးလျို အနားထိုင်ချ၍ ပန်းတစ်ပွင့်လိုမျိုးပြုံးနေ၏။ သူမ သည် ချီခွေ့ကိုကြည့်၍ မျက်လုံးများ မှုပ်ကုပ်သွားသည်။

ချီခွေ့ ကြောင့်မမျှတဘူးလို့ခံစားရသည်။ ချီရှင်း သည် အသက်ပြင်းပြင်းရူသွင်းကာ ညာဘက်ကိုတင်းတင်းဆုပ်ထားသည်။

"ဒီပန်းချီက အတော်လေးကောင်းတယ်!" ဧကရီမယ်တော်ကြီးလျို သည် လက်ထဲက ပန်းချီကို အစေခံများ ဆီသို့ပေးလိုက်သည်။ "အနောက်ပိုင်းဧကရီမယ်တော်ကြီးပုံတူက ကျက်သရေရောင်ဝါရှိတယ်၊အံ့ဩဖို့ကောင်းတယ်!"

အထပ်ထပ်ရွှေရောင်သုံးထားပြီး ဧကရီမယ်တော်ကြီး၏မျက်နှာ ကို ရွှေရောင်သန်းစေ၏။

ဧကရီမယ်တော်ကြီး မှ ပန်းချီကိုသဘောကျတာမြင်တော့ ချီရှင်း၏နှုတ်ခမ်းများဂုဏ်ယူစွာကွေးတက်သွားသည်။

ဧကရီ ချီခွေ့ အတွက်နဲ့ သူမ၏မျက်နှာရိုက်ချတော့ကော ဘာဖြစ်သလဲ!? ဧကရီမယ်တော်ကြီး က သူမကို ကိုကြိုက်နေသရွေ့ ဧကရီဝေ က သူမ နန်းတော်ထဲလာသည်ကို

ချီခွေ့ နဲ့ ရှီအန်းတို့ အနီးကပ် ဒူးထောက်ကာရှိနေပြီး ဧကရီကတော့ သူတို့ဘေးနား၌ထိုင်နေသည်။

အင်ပါယာကြင်ယာတော်လျို သည် ပြုံးကာ ဧကရီမယ်တော်ကြီးလျိုကိုပြောလိုက်သည်။ "ဧကရီမယ်တော် ရှင်းအာက သိပ်တွေးပေးတက်တာပဲ ပန်းချီကားကို ရှေးဟောင်းစာအုပ်များသာမက မြို့တော်တာအိုဘုန်းကြီးကြောင်းတွေမှာပါ ချိတ်ထားသင့်တယ်၊ဒါမှ အနောက်ဘက် ဧကရီမယ်တော်ကြီးပုံ ဘယ်လိုဆွဲတာသူတို့တွေမြင်မှာ "

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now