အပိုင်း-9: ဖြေရှင်းခြင်း။

3.3K 385 1
                                    

အပိုင်း-9: ဖြေရှင်းခြင်း။

လက်ဘက်ရည်ဆိုင်ထဲတွင် ချီခွေ့တစ်ယောက်တည်းကျန်ခဲ့ကာ သက်တောင့်သက်သာဖြင့် လက်ဘက်ရည်ကြမ်းကို သောက်သုံးနေ၏။

သူမ သည် "ရနံ့မွှေး လက်ရည်ကြမ်းဆိုင်၏ ပြတင်းပေါက်တချပ်သာဖွင့်ထားသောပြတင်းပေါက်ကနေ ရှောင်ဇဲ,တစ်ယောက် " လမ်းပေါ်ကို" ထွက်သွားသည်ကိုကြည့်နေသည်။

သူ သည် အစောင့်နှစ်ယောက်ဆီတည်ငြိမ်စွာ လျှောက်သွား၍ ရပ်ကာ စကားပြောဆိုနေသည်။

အထက်တန်းလွှာတစ်ယောက်ရဲ့ အသွင် နွေးထွေးသည့်မျက်နှာထားကြောင့် သူ့အပြုအမူတိုင်းကအလွန်နှစ်လိုဖွယ်ကောင်းနေသည်။

သူ သည် အစောင့်အရာရှိတို့ကို ခပ်ဖျော့ဖျော့ပြုံးပြသည်။ မပြန်ခင်တွင် အင်္ကျီလက်အောက်က ငွေတုံးအနည်းငယ်တစ်ဖက်လူသို့ပေးခဲ့သည်။ ချီခွေ့ သူမ၏အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။

ပြောရရင် ရှောင်ဇဲကို စောင့်ကြည့်နေသည့်လူနှစ်ယောက်လဲရှိသေးသည်။

ငယ်ရွယ်တဲ့ လူငယ်နှစ်ယောက် တစ်ယောက်မှာ မီးခိုးရောင်ဝတ်ဆင်ထားပြီး၊တစ်ယောက်မှာ အပြာရောင်ဝတ်ဆင်ထားသည်။ သူတို့ သည် ထောင့်တထောင့်၌ ပုန်းကွယ်နေ၍ ရှောင်ဇဲကိုကြည့်ရင်း စိတ်ပျက်စရာအကြည့်များဖြစ်သွားသည်။

"နံပါတ် ၆ ၊ တတိယသခင်လေး ငါတို့ကို သတိမထားမိဘူး ဟုတ်တယ်မလား?" မီးခိုးရောင်ဝတ်ဆင်ထားသောလူက တီးတိုးပြောသည်။

"သူက ငါတို့ကိုတွေ့သွားရင် အစောကြီးတည်းက ငါတို့ကိုနှက်နေရောပေါ့!" အပြာရောင်အဝတ်အစားနှင့်လူက လည်ပင်းကို လှီးခံရသကဲ့သို့ လက်ဖြင့် အမူအရာပြသည်။

"မဟုတ်ဘူး" မီးခိုးရောင်အဝတ်အစားနှင့်လူက အလျင်အမြန်တားသည်။

"တော်ဝင်ရထားလုံး ဂျန်လင်းနန်းတော်မှာရှိနေတယ်။ တတိယသခင်လေး မတော်တဆဖြစ်သွားရင် တော်ဝင်ရထားလုံးကိုသတိပေးသလိုဖြစ်သွားလိမ့်မယ်။ အစောင့်တွေလဲရှိတယ်။ ငါတို့ကို ရှာတွေ့သွားရင် မင်းသားက ရူပ်ထွေးသွားပြီး တကယ်ဆိုးဝါးလိမ့်မယ်"

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now