အပိုင်း-20 : မတိကျဘူး။

2.7K 353 0
                                    

အပိုင်း-20 : မတိကျဘူး။

တာအိုဆရာသခင်မယွမ်ဂေါင် သည် ရွမ်ချင်းဘုန်းကြီးကျောင်း၌ ၁၀ နှစ်ကျော် ကျင့်ကြံခဲ့သူဖြစ်သည်။

ယွမ်ဂေါင် သည် သာမန်နဲ့မတူပဲလူတိုင်း၏ မွေးနေ့အက္ခရာဟောပြောသည်မှာအလွန်တိကျသည်။ ဧကရီမယ်တော်ကြီးတောင် ယွမ်ဂေါင်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ၍ တစ်ခါတစ်လေ နန်းတော်ထဲ ဖိတ်ကြားတက်သည်။ မကြာခင်တွင် ယွမ်ဂေါင် မှ ဧကရာဇ် ၏ ဖျားနာမှုကုသနိုင်လိမ့်မယ်လို့ပြောတော့ ဧကရီမယ်တော်ကြီး မှာ သိပ်ပျော်ရွှင်ခဲ့သည်။

ယွမ်ဂေါင် သည် ချီခွေ့ ကို "တစ်ယောက်တည်း အထီးကျန်တဲ့ကျိန်စာတိုက်ကြယ်" လို့ ဖော်ပြခဲ့သည်။ ဧကရီဝေသာ မရှိရင် ချီခွေ့ သည် မြို့တော်မှာ ဘယ်တော့မှရပ်တည်နိုင်မည်မဟုတ်ပါ။

လူတိုင်း ချီခွေ့ ရဲ့သိမ်မွေ့သည့်အမူအရာကိုကြည့်လိုက်ကြသည်။

ချီခွေ့ သည် အပြစ်ကင်းစင်သည့်အမူအရာလေးဖြင့် လူတိုင်း ဘာကြောင့်သနားသလဲ၊ ဘာကြောင့်ပျော်ရွှင်သလဲ ကို နားလည်လိုက်သည်။

ချီရှန်း က ဒီလိုလုပ်ဖို့ခက်ခက်ခဲခဲဆွဲခေါ်တာ!

ချီခွေ့ လူတိုင်းကိုကြည့်၍ အကြည့်မှာ တဖြည်းဖြည်း ယွမ်ဂေါင် နှင့် ချီရှန်း ဆီရွေ့သွားကာ ထို့နောက် ချီရှင်းဆီ ကြည့်လိုက်သည်။

သိဖို့လွယ်တယ်၊ ချီရှင်း ဒီလို တိတ်တဆိတ်လုပ်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

အားလုံး သက်ပြင်းချလိုက်ကြသည်။ သေချာတယ်။ ဒီမိန်းကလေး က သာမန်လူအဖြစ်ရပ်တည်ဖို့မလွယ်ဘူး။

ချီရှင်း သည် ချီခွေ့ကိုပေါ့ပေါးပါးပြန်ကြည့်၍ မမြင်နိုင်သည့်နှုတ်ခမ်းထောင့်ကွေးတက်နေ၏။ တစ်ယောက်ယောက် ချီခွေ့ကို ပစ်မှတ်ထားတာသိသာသည်။ ချမ်းသာတဲ့အိမ်တော်က သခင်မလေးများရောက်နေကြတာ ဘယ်သူများ ဒီရိုင်းစိုင်းတဲ့ချီခွေ့ နားဘယ်သူရပ်တည်ပေးမလဲ။

ချီခွေ့ သည် လက်ထဲက သစ်သီးယိုကို အောက်ချ၍ မတ်တပ်ထရပ်ကာ ဖြေးဖြေးချင်းလျှောက်လာသည်။

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now