အပိုင်း-11 : ဆွေမျိုးတွေဖြစ်သည်ကို လက်ခံခြင်း။

3K 376 2
                                    

အပိုင်း-11 : ဆွေမျိုးတွေဖြစ်သည်ကို လက်ခံခြင်း။

"ခွေ့လေး က သိထားပြီးသားလား?"

ချီခွေ့ သည် ဧကရီ ၏ မေးခွန်းကိုခေါင်းညိတ်လိုက်သည်။

"ငယ်ငယ်တည်းက ရိုက်နှက်ဆူပူခံခဲ့ရတယ်။ အလုပ်အားလုံးလုပ်ပေးပေမဲ့ သူတို့ဘယ်တော့မှမပျော်ဘူး။ "

"လီဂျဘို,တစ်ယောက် ခရိုင်ကျောင်းမှာ ထိုင်ခုံရဖို့ အရူးမိသားစုရှင်း ဆီရောင်းစားဖို့ လုပ်ခဲ့တယ်။ လက်မထပ်ချင်ဘူးပြောတော့ သေသင့်တယ် လို့ ပြောပြီး ရိုက်တယ်။ စာရွက်ပါးလေးတစ်ရွက်လိုလုံးချေ လွှင့်ပစ်ချင်ကြတယ်"

"အဲနေ့က ကျွန်မ ကျန့်မား ကို ရိုက်နှက်ပြီးထွက်လာခဲ့တယ်၊ လီဂျင်းဇု ကနေ ကျွန်မက သခင်မလေးချီ လို့ပြောတာကြားခဲ့တာ။ အနာဂတ်မှာ ချီမိသားစုက တစ်စုံတစ်ယောက်လာခေါ် တဲ့အချိန်ရောက်ရင် ကျွန်မ သေနေလောက်ပြီ "

"သူတို့ကလေးမဟုတ်တာ သိတယ်၊ကျွန်မ မျိုးရိုးနာမည်က 'ချီ' လေ။ ချီခွေ့ က ကိုယ့်ဘာသာကိုယ်ပေးထားတဲ့နာမည်ပါ "

ချီခွေ့ သည် အမှန်တစ်ဝက်အလိမ်အညာတစ်ဝက်ပြောလိုက်သည်။ထိုအချိန် ထွက်ပြေးစဉ်တုန်းက တကယ်ပဲ မြို့စားအိမ်တော် ကိုမသွားချင်ခဲ့ပါ။ သူမ ဘာမှဖုံးကွယ်မထားချင်လို့ ရိုးရိုးသားသား တကယ့်နာမည်အရင်း ကိုပဲသုံးခဲ့သည်။ ထိုကူးပြောင်းမှုအောက် သူမရဲ့ တကယ့်နာမည်အရင်းကိုသာ သုံးခဲ့သည်။

ဧကရီ မှာ နားထောင်းရင်း ပိုပိုပြီးစိတ်ဆိုးလာသည်။ သူမ ကူရာမဲ့စွာ စားပွဲခုံကိုရိုက်ချလိုက်သည်။

"သေစမ်း!"

သူမ၏ နှလုံးသားနာကျင်ကိုက်ခဲသွားကာ သွားတင်းတင်းစေ့ထားသည်။

မုန်းဖို့ကောင်းတဲ့လူတွေ ဘာလို့ ဒီကမ္ဘာမှာရှိနေတာလဲ? ဒီကလေး က မြို့စားအိမ်တော်မှာလှလှပပရှင်သန်ရမှာလေ၊သို့သော် တခြားတစ်ယောက်ရဲ့ သမီး က ရှင်သန်နေတယ်။ သူ့တူမက မြင်းတစ်ကောင်လို အလုပ်လုပ်ရတယ်၊ အနိုင်ကျင့်ခံရတယ်၊စော်ကားခံရတယ်၊ ဒီကလေးမ မထွက်ပြေးရင် အရူးတစ်ယောက်နဲ့လက်ထပ်ရလိမ့်မယ်။ ဒီကလေး ရဲ့ ဘဝကို ပျက်စီးအောင် လုပ်တာပဲမဟုတ်ဘူးလား?

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now