အပိုင်း-28+29: ရင်းနှီးတယ်။-၂

2.3K 275 6
                                    


အပိုင်း-28+29: ရင်းနှီးတယ်။-၂

ဧကရီ လက်ကိုဆုပ်ထား၍ တည်ငြိမ်အောင်ထိန်းထားသည်။ ပြောနေရင်း အစေခံများဝင်လာကာ လက်ဘက်ရည်နဲ့မုန့်များနဲ့ဧည့်ခံကြသည်။

ဧကရီမယ်တော်ကြီး သည် ယွမ်ဂေါင်ဘက်လှည့်ကာပြောလိုက်သည်။ "ယွမ်ဂေါင် ဧကရီကို ဆေးညွန်းအကြောင်းပြောပြလိုက်ပါ။ ငါက ဧကရာဇ်ကို ထိခိုက်အောင်လုပ်နေတာလို့ ဧကရီကို အမြဲမတွေးစေချင်ဘူး"

ယွမ်ဂေါင် သည် ယပ်တောင်ပြန်ရုတ်၍ ဧကရီကို အရိုအသေပေး၍ ပြောလိုက်သည်။ " ဧကရီဒီဆေးက စိတ်ချလို့ရတယ်။ ဒီဆေးလုံးကို ၉ ရက်ကြာသန့်စင်ထားတာ။ ဒီဆေးက ရောဂါကိုကင်းဝေစေပြီး သွေးကြောတွေကိုပြန်အားဖြည့်ပေးတယ်၊ပြီးတော့ အသက်ရှည်စေတယ်"

ယွမ်ဂေါင် သည် ဆေးလုံး ကို မသေဆေးလိုမျိုး ချဲ့ကားပြောနေရင်း လည်ချောင်းခြောက်လာကာ လက်ဘက်ရည်ကိုယူလိုက်သည်။

ဧကရီမယ်တော်ကြီး သည် သံသယမရှိပဲ ခေါင်းတညိတ်ညိတ်ဖြင့် ဧကရီကိုပြောလိုက်သည်။ "ဧကရာဇ်ရဲ့မယ်တော် ငါက ကောင်းမွန်တာပဲရည်ရွယ်တယ်။ ယွမ်ဂေါင် က မသေဆေး ပြန်သန့်စင်ပေးထားတာ။ ဧကရာဇ် ဒီရက်ပိုင်းပြန်သက်သာလိမ့်မယ်!"

တခြားတစ်ဖက်မှ အင်ပါယာကြင်ယာတော်လျို ချက်ချင်းပြုံးကာပြောလိုက်သည်။ "ဧကရီ မယ်တော်ကြီးပြောတာမှန်တယ်။ဧကရာဇ် ဒီရက်ပိုင်းအရမ်းအားအင်ပြည့်ဝနေတာ"

ဧကရီမယ်တော်ကြီး သည် ၎င်းကိုနားထောင်၍ သဘောကျသွားသည်။

"ဧကရီမယ်တော် ပြောတာမှန်တယ် "ဧကရီ အပြုံးလေးနဲ့ပြောလိုက်သည်။

လက်ရှိ မင်းသမီးကြီးများ သည် တိတ်တဆိတ် ဧကရီမယ်တော်ကြီးလျိုကိုကြည့်လိုက် ဧကရီကို ကြည့်လိုက် အင်ပါယာကြင်ယာတော် ကိုကြည့်လိုက်နှင့်ဘယ်သူမှစကားမပြောပေ။

ဧကရီ လက်ကိုင်ပဝါဖြင့် ပါးစပ်သုတ်၍ပြောလိုက်သည်။ "ယွမ်ဂေါင်၊ဒီဧကရီ ဆေးကို တစ်ချက်ကြည့်လို့ရမလား?"

"ရတာပေါ့ " ယွမ်ဂေါင် တည်ငြိမ်စွာ အင်္ကျီလက်ထဲ ဆေးကိုပုလင်းကိုယူပြီးတလေးတစားနဲ့ပြလိုက်သည်။

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Where stories live. Discover now