Extra - 1

1.3K 31 1
                                    

Unicode

မင်းခက်ဆစ်နဲ့ ယာယာ လက်ထပ်ထားတာ တစ်နှစ်ပင် ပြည့်တော့မည်...ယာယာလဲ ကျောင်းပြီးပြီဖြစ်၍ မင်းခက်ဆစ်ရဲ့ company မှာပဲ အလုပ်သင်အနေနဲ့ ဝင်လုပ်နေလေသည်...Company တစ်ခုတည်းမှာ လုပ်နေရပေမယ့် အလုပ်သင်ဖြစ်တဲ့ ယာယာနဲ့ Company ရဲ့ MD ဖြစ်တဲ့ မင်းခက်ဆစ်က တစ်နေ့မှ တစ်ကြိမ်ပင် ရုံးမှာ မတွေ့ဖြစ်ပါ...ဒီနေ့တော့ မင်းခက်ဆစ်က နေ့လည်စာတော့ ယာယာနဲ့ အတူတူစားမယ်လို့ တွေးပြီး လုပ်လက်စ အလုပ်တွေကို မြန်မြန်အပြီးဖြတ်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်...

ယာယာက Admin Department မှာ intern (အလုပ်သင်) ဆင်းနေတာဖြစ်ပြီး မင်းခက်ဆစ်က အဲ့ဒီ Department ရှေ့ကို ရောက်လာတော့ Admin Manager က ပြာပြာသလဲ ထလာပြီး

'MD...ဘာလိုတာရှိလို့လဲဗျ'

'အာ...မရှိပါဘူး...ကိုယ် ယာယာ့ကို လာရှာတာပါ'

'ယာယာက စတိုခန်းထဲမှာ Fixed Assets တွေ သွားစစ်နေတယ် ထင်တယ်'

'OK OK ကိုယ် အဲ့ဒီကိုပဲ လိုက်သွားလိုက်တော့မယ်'

မင်းခက်ဆစ်လဲ ပြောပြီးတာနဲ့ စတိုခန်းရှိရာ Ground Floor ထိ ဆင်းလာခဲ့သည်...စတိုခန်းရဲ့ မှန်တံခါးကို တွန်းဖွင့်ရင်း ဝင်လိုက်တော့ စာရင်းစာရွက်တစ်ရွက်နဲ့ ပစ္စည်းတွေ လိုက်စစ်နေတဲ့ ယာယာ့ကို တွေ့ရလေသည်...

'Admin ကြီး ဘာတွေ အလုပ်ရှုပ်...'

'ဟာ...ကိုကို...ဘယ်လိုရောက်လာတာလဲ'

'ကလေးနဲ့ နေ့လည်စာ အတူတူစားချင်လို့လေ...အလုပ်ရှုပ်နေတာလား'

'အင်း...နည်းနည်းပေါ့...ဒီလကုန် report ရှိတယ်လေ'

'အော်...နောက်မှ ဆက်စစ်ကွာ...ကိုယ် Thai 47 မှာ booking လုပ်ထားပြီးပြီ...သွားစားရအောင်'

'ဟုတ်ပါပြီ ကိုကိုရဲ့...ယာယာ အပေါ်တက်ပြီး စာရင်းတွေ ပြန်သွားထားလိုက်ဦးမယ်...Car parking မှာပဲ စောင့်နေလိုက်နော်'

'OK...'

ပြောပြီး ယာယာ့နဖူးကို ခပ်ဖွဖွနမ်း၍ ထွက်သွားတာမို့ ယာယာ့မှာ ဘယ်သူများ မြင်သွားသေးလဲဆိုပြီး တောင်ကြည့် မြောက်ကြည့်နဲ့ ကျန်ခဲ့ရလေသည်...အဲ့ ကိုကိုဟာလေ...ရုံးမှာဆိုလဲ ပြောမရ ဆိုမရ...သိပ်ကဲတာပဲ...

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now