Part - 12

5.9K 272 2
                                    

Zawgyi

ယာယာ ဖုန်းထဲမှ calendar ကို ကြည့်၍ ပြုံးလိုက်မိသည်။ မနက်ဖြန်ဆို ကိုကိုနဲ့ ယာယာရဲ့ ချစ်သူသက်တမ်း ၁နှစ်ပြည့်ပဲ...ဘာလိုလိုနဲ့ ယာယာနဲ့ ကိုကို ချစ်သူတွေ ဖြစ်ခဲ့တာ တစ်နှစ်တောင် ပြည့်သွားပြီပဲ...ကိုကိုနဲ့ အတူတူရှိနေရတဲ့ အချိန်တွေဟာ ယာယာ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပါပဲ...ယာယာ ကိုကို့ဆီကို ဖုန်းခေါ်လိုက်သည်။

'Hello...ကိုကို...ဘာလုပ်နေတာလဲ...'

'Gym မှာ ကလေးလေးရဲ့...ကလေးရော ဘာလုပ်နေလဲ...'

ကိုကိုက gymကို တစ်ပတ်မှာ ၄ရက်လောက်တော့ သွားဆော့လေသည်။ ဒါကြောင့်မို့လဲ အမိုက်စား bodyကို ရထားတာ ဖြစ်နိုင်သည်။ ယာယာကတော့ အရပ်လဲ မရှည်...အကောင်က သေးသေးလေးရယ်...ကိုကိုက ဘာတွေ ကြိုက်လဲ မပြောတတ်...ချစ်ဖို့်ကောင်းတယ်လို့ပဲ အမြဲပြောတတ်လေသည်။

'ကိုကို...မနက်ဖြန် ဘာနေ့လဲ သိလား...'

'ဟင်...ဘာနေ့လဲ...'

ယာယာ နှုတ်ခမ်းလေး အလိုလိုဆူမိသွားသည်။ ကိုကို ဒါလေးတောင် မမှတ်မိဘူးလား မသိဘူး...ယာယာ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား...

'ကိုကို တကယ်မသိဘူးလား...'

'မသိဘူး...'

'ဟင့်...မနက်ဖြန် ကိုကိုနဲ့ ယာယာရဲ့ 1 year anniversary လေ...ကိုကို ဒါတောင် မေ့နေရလား...ကိုကို ယာယာ့ကို အလေးရော ထားရဲ့လား...'

'အာ...sorry ယာယာရယ်...ကိုကိုလဲ အလုပ်တွေ များနေတာနဲ့ မေ့သွားတာ...'

'ဟင့်...ကိုကို မကောင်းဘူး...'

ယာယာ စိတ်ဆိုးဆိုးနဲ့ ဖုန်းချလိုက်ပြီး အိပ်ရာပေါ်မှောက်ပြီး ငိုလိုက်မိသည်။ ကိုကို့အတွက် ယာယာက ဒီလောက်တောင် အရေးမပါတော့ဘူးလားဟင်...

❤❤❤

မင်းခက်ဆစ် စိတ်ဆိုးဆိုးနဲ့ ဖုန်းချသွားတဲ့ ယာယာ့ကို သဘောတကျ ရယ်မိသည်။ အော် ကလေးရယ်...ကိုကိုတို့ရဲ့ anniversary ကို မေ့စရာလားကွာ...ကိုကိုက ကလေးကို Supurise လေး လုပ်ချင်လို့ မသိချင်ယောင်ဆောင်လိုက်တာ ခွင့်လွှတ်ပေးပါကွာ နော်...

❤❤❤

မနေ့ကတည်းက ကိုကိုလဲ သူ့ဆီ မဆက်သွယ်ခဲ့...ယာယာလဲ မဆက်သွယ် ပြန်မဆက်သွယ်ခဲ့...မာနနဲ့ တင်းခံထားပေမဲ့ အရမ်းလွမ်းနေတာ ကိုကို သိမှာ မဟုတ်ပါဘူး...
ထိုစဉ် ဖုန်းလာသောကြောင့် ကြည့်လိုက်တော့ ကိုကို့ဖုန်း ဖြစ်နေသဖြင့် ဝမ်းသာစွာနဲ့ ကောက်ကိုင်လိုက်လေသည်။

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now