Part - 14

5.8K 260 6
                                    

Zawgyi

စားသောက်ဆိုင်တစ်ခုမှာ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်...ကောင်မလေးကတော့ တရှုံ့ရှုံ့နဲ့ ငိုနေပြီး ကောင်လေးကတော့ မချော့နိုင် စိတ်ပျက်လက်ပျက်နဲ့ပဲ ငေးကြည့်နေလေသည်။ ထိုနှစ်ယောက်မှာ တခြားမဟုတ်...မင်းခက်ဆစ် နဲ့ ယာယာပင် ဖြစ်သည်။

'မငိုပါနဲ့တော့ကွာ...တစ်ခုခု အရင်ဆုံး စဉ်းစားကြတာပေါ့...'

'မေမေက ပြောရင် ပြောတဲ့အတိုင်း လုပ်တာ...ဘာမှလုပ်လို့ ရမှာ မဟုတ်တော့ဘူး...'

'ကိုကို့ နောက် လိုက်ခဲ့နိုင်လား...'

ယာယာက သူ့ကို မျက်ရည်ဝိုင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ဖျတ်ခနဲ မော့ကြည့်လေသည်။ သူ သိပါတယ်...ယာယာက ဘယ်တော့မှ အဲ့လိုလုပ်မယ့် မိန်းကလေး မဟုတ်ဘူးဆိုတာ...

'မေမေ့ကို အဲ့လို မထားခဲ့နိုင်ဘူး...ယာယာသာ ကိုကို့နောက် လိုက်ခဲ့မယ်ဆိုရင် မေမေက တသက်လုံး ယာယာ့ကို စိတ်ဆိုးနေတော့မှာ...မေမေက ယာယာတို့ မောင်နှမနှစ်ယောက် တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရတာ...ယာယာ မလုပ်နိုင်ဘူး...နှိုင်းကို လက်မထပ်ချင်ပေမဲ့...'

'ဟင်း....ကိုကို ဘာလုပ်ရမလဲဟင်...ယာယာ...ကိုကို ဘာလုပ်သင့်လဲ တစ်ခုခုပြောပါဦး...'

'အဟင့်...ယာယာလဲ မသိဘူးလေ...'

သူ့စိတ်ထဲ တွေးနေမိတာက ယာယာ့ကို တကယ်ပဲ လက်လွှတ်ရမှာလားလို့ပေါ့...ယာယာနဲ့ ဝေးပြီး သူ တကယ်မနေနိုင်တာပါ...သူ ဘာလုပ်သင့်သလဲ...

❤❤❤

မြတ်နိုးနဲ့ ချယ်ရီလဲ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတဲ့ ယာယာ့ကို ကြည့်ပြီး စိတ်မကောင်းနိုင်ကြ...ယာယာက လိမ်မာတယ်...သူ့မေမေ စကားဆို အမြဲနားထောင်နေကျ...ကိုမင်းခက်ဆစ်က ခိုးပြေးမယ်ဆိုတာတောင် ယာယာက မလိုက်နိုင်ပါဘူးတဲ့...ကိုမင်းခက်ဆစ်လဲ ခုချိန် ဘာလုပ်ရမှန်းမသိ...အတော်ခံရခက်နေမှာ သေချာလေသည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းခက်ဆစ်ကို ယာယာ့ အမေက သဘောမတူနိုင်ပါဘူးတဲ့လေ...သူများတွေ ကြားရင်တော့ ရယ်ကြလိမ့်မယ်...ဒါပေမဲ့ ယာယာတို့ မိသားစုက ငွေမမက်ဘူး...တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နေရင်ရင် တော်ပြီဆိုတာမျိုး...ငယ်ငယ်တည်းက အကြောင်း သိနေခဲ့တဲ့ နှိုင်းဒီပါနဲ့ပဲ သဘောတူတာ မဆန်းပေမဲ့...လူကြီးတွေများ အချစ်ဆိုတာကိုများ မေ့ထားကြလေသလား...သူတို့တုန်းကရော မချစ်ခဲ့ကြဖူးလို့လား မသိ...

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now