Part - 9

6.2K 280 0
                                    

Zawgyi

'ကိုကို...'

'ယာယာ...'

'နေရောကောင်းသေးလို့လား...ကျောင်းလာကြိုတာ..'

'အကောင်းတောင် လွန်နေပြီ...ဆေးရုံက ဆင်းတာတောင် ကြာပြီကို...မနက်ဖြန်တောင် ရုံးပြန်ဆင်းတော့မှာ...'

'အင်းပါ...ဂရုစိုက်ဦးနော်...'

'ဟုတ်ပါပြီ ကလေးလေးရဲ့...ကဲ ကားပေါ်တက်...'

'ဟုတ်...'

မင်းခက်ဆစ်က ကားကို ကျောင်းဝင်းထဲက မောင်းထွက်လာခဲ့သည်။ ကိုကိုက ကားမောင်းနေရင်း တစ်ဖက်ကလဲ ယာယာ့လက်ကို ကိုင်ထားလေ့ရှိသည်။ ယာယာ့အတွက်တော့ ကိုကိုနဲ့ ရှိနေရတဲ့ အချိန်တိုင်းက ရင်ခုန်နေတာပဲ ဖြစ်သည်။ မီးပွိုင့်နီတော့ မင်းခက်ဆစ်က ကားကို ရပ်လိုက်ပြီး စောင့်နေလေသည်။

'ဒုန်း...'

'အေမ့...'

ခါးပတ်ပတ်သွားလို့သာ တော်သေးသည်။ မဟုတ်ရင် အရှေ့ကို ခေါင်းနဲ့ ဝင်ဆောင့်တော့မှာ...မီးပွိုင့်နီနေတုန်း နောက်က ကားက ဝင်တိုက်တာ ဖြစ်လေသည်။

'ကျစ်...လူလို မမောင်းကြဘူး...'

ကိုကိုက ခါးပတ်ကို ဖြုတ်၍ ကားပေါ်က ဆင်းသွားလေသည်။ မင်းခက်ဆစ် ကားပေါ်က ဆင်းလိုက်တော့ နောက်က ကားပေါ်မှ ကောင်လေးတစ်ယောက်လဲ ဆင်းလိုက်လေသည်။ ပုံစံကတော့ သူ့ထက် ငယ်မဲ့ပုံပင်...စတိုင်ကိုလဲ ခေတ်ဆန်ဆန်ပေါ့ပါးစွာ ဝတ်ဆင်ထားလေသည်။ ဆံပင်တွေကိုလဲ မီးခိုးရောင် ဖျော့ဖျော့ကို ဆိုးထားသေးသည်။ ထိုကောင်လေးက သူရဲ့ နောက်ဆုံးပေါ်ပြိုင်ကား အနက်ရောင်လေးကို ကြည့်ပြီး

'Baby တော့ ရှေ့မီးတွေ ကွဲသွားပြီပဲ...'

ကွဲမှာပေါ့...တိုက်တဲ့ အရှိန်က နည်းမှမနည်းတာ...မင်းခက်ဆစ်ရဲ့ မားစီးဒီး ကားကြီးလဲ နောက်ပိုင်းတော်တော်ချိုင့်ဝင်သွားလေသည်။

'ဘယ်လိုလုပ်ပေးမှာလဲ...'

ကောင်လေးက သူ့ကို မျက်ခုံးပင့်၍ ကြည့်လိုက်ပြီး

'ဘယ်လောက်လျှော်ပေးရမလဲ...'

တောင်းပန်စကားအရင် မပြောပဲ ငွေစကားအရင် ပြောလာသော ကောင်လေးကို ကြည့်ပြီး မင်းခက်ဆစ် စိတ်ထဲ တော်တော်ချဉ်သွားမိလေသည်။ ဟူး...စိတ်လျော့ထား မင်းခက်ဆစ်ရေ...

"ချစ်ခွင့်ပြုပါ" ❤️❤️Onde histórias criam vida. Descubra agora