Part - 4

7.2K 360 6
                                    

Zawgyi

'ဟဲ့...ဟိုမှာ မင်းခက်ဆစ်ပဲ...'

'ချောလိုက်တာဟယ်...ကျောင်းက ဘာလာလုပ်တာလဲ မသိဘူး...'

'မေရှားဟန်နီကို လာတွေ့တာ နေမှာပေါ့...သူတို့ နှစ်ယောက်က တွဲနေတယ်လို့ သတင်းကြားတာပဲ...'

'လိုက်တာပေါ့ သူတို့နှစ်ယောက်ဆို...နေနဲ့လ ရွှေနဲ့မြပဲ...'

တီးတိုးပြောနေတဲ့ ကောင်မလေးတွေရဲ့ အသံကို မေရှားဟန်နီ နားထောင်ပြီး ပြုံးလိုက်မိသည်။ ကို့ကို တွဲရတာ ဟန်နီ့အတွက် ဂုဏ်ရှိသလို...အားလုံးကလဲ ဟန်နီ့ကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြသည်လေ...

'ကို...ဟန်နီ ဒီမှာ...'

မင်းခက်ဆစ်က မေရှားဟန်နီကို တွေ့တော့ သူရှိတဲ့ ဝိုင်းဆီ လျှောက်လာခဲ့သည်။ ဘေးမှာ ထူးခန့်လဲ ပါလာလေသည်။

'ကို...ထိုင်လေ...ကိုထူးခန့်လဲ ထိုင်ပါ...'

'ဟုတ်ကဲ့ပါဗျ...'

'ဟန်နီ နောက်တစ်ချိန်ပြီးရင် အတန်းပြီးပြီ...တစ်ခုခုသွားစားကြမယ်နော်...ပြီးရင် ဟန်နီ့ကို လက်ကိုင်အိတ်ဝယ်ပေးမယ်လို့ ပြောထားသေးတယ်နော်...အဲ့ဒီ လက်ကိုင်အိတ်က တအားဈေးကြီးတာ...ဟန်နီဘာသာ ဝယ်လိုက်ရင် မုန့်ဖိုးတွေ အကုန်ပြောင်သွားမှာ...'

'ဟန်နီ သဘောလေ...ကိုယ်လဲ ဟန်နီ့ကို ပြောစရာရှိလို့ လာခဲ့တာ...'

'ဟုတ်လား...ပြောလေ ကို...ဘာပြောမလို့လဲ...'

'ဟန်နီ အတန်းပြီးမှ ပြောမယ်လေ...'

'ဟုတ်ပါပြီ ကို...အဲ့ဒါဆို ဟန်နီ အတန်းသွားတက်လိုက်ဦးမယ်နော်...ပြီးရင် တွေ့မယ်...'

မေရှားဟန်နီက အတန်းတက်ရန် ထွက်သွားတော့ ထူးခန့်က

'ခက်ဆစ်ရေ...ရည်းစားထားရတာလဲ မလွယ်ပါလားကွ...ဟန်နီ လိုချင်တယ်ဆိုတဲ့ အိတ်က ၁၀ သိန်းကျော်လောက် တန်တယ်မို့လား...'

'သူ လိုချင်တယ်ဆိုလဲ ပေးရမှာပေါ့...ဒီလောက် ငွေအတွက် ငါက ဘာမှ ဖြစ်သွားမှာမှ မဟုတ်တာ...'

'အေးပါကွာ...မင်းက ဘောစိပဲ ဝယ်ပေးလိုက်ပေါ့...ငါတော့ ရည်းစားထားရမှာတောင် ခပ်လန့်လန့်ရယ်...'

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now