Part - 8

6.4K 293 4
                                    

Zawgyi

ယာယာ တစ်ယောက် ကိုကိုက သူ့ကို ဒီညနေ လာတွေ့မယ်ပြောပြီး လာလဲမလာ ဖုန်းလဲ မဆက် message လေး တစ်ကြောင်းတောင် မပို့သဖြင့် စိတ်ပူနေမိသည်။ ကိုကို ဘာတွေများ လုပ်နေတာလဲဟင်...ဘာလို့ ယာယာ့ကို ပစ်ထားရတာလဲ...မချစ်တော့လို့လားဟင်...😢😢

❤❤❤

မိုးစက်ပိုင် လူနာတွေကို round လှည့်နေရင်းမှ ဆရာဝန်ကြီးတွေ အရေးပေါ်အခန်းထဲကို အရေးတကြီးသွားနေတာ မြင်ရတော့...ဘယ်လို VIP လူနာမို့ ဒီလောက် အလောတကြီးဖြစ်နေလဲပေါ့...မိုးစက်ပိုင်လဲ သိချင်တာမလို့ အရေးပေါ်အခန်းထဲကို ကြည့်လိုက်တော့...ဟင်...မတော်ရသေးတဲ့ ယောက်ဖ မင်းခက်ဆစ်ဖြစ်နေတာကိုး...ဆေးရုံအုပ်ရဲ့ အချစ်ရဆုံး တူလေးမို့လို့ ဒီလောက် ပြာပြာသလဲ ဖြစ်နေကြတာကိုး....နေပါဦး...မင်းခက်ဆစ် ဆေးရုံရောက်လာတာကိုရော ယာယာ တစ်ယောက် သိပါ့မလား...သူ အခုတလော မင်းခက်ဆစ် နဲ့ ယာယာတို့ရဲ့ ကိစ္စတွေကို မသိချင်ယောင်သာ ဆောင်ထားလေသည်။ ယာယာ့ကိုလဲ သူ့ကြောင့် စိတ်ညစ်နေမှာ မလိုလားတာ ပါလေသည်။ ခဏကြာတော့ ဆေးရုံအုပ်ကြီးပါ အခန်းတွင်းသို့ ဝင်သွားလေသည်။ အင်းပေါ့...တူဖြစ်သူက ရောက်လာတယ်ဆိုလဲ လာပြီပေါ့...အဲ့တာပြောတာပေါ့ မင်းခက်ဆစ်က ဆေးရုံကို အိမ်ဦးနဲ့ ကြမ်းပြင်လို လာနေတာပါဆို...ဒါပေမဲ့ ဒီတစ်ခေါက်တော့ အရင်လိုမျိုး ထိခိုက်ရှနာမျိုး မဟုတ်ပေ...စိုးရိမ်ရတဲ့ အနေအထားမျိုးရှိ၍ အားလုံးက မျက်နှာပျက်နေကြလေသည်။ မင်းခက်ဆစ်ရဲ့ ဘေးမှာ ရပ်နေသည့် ထူးခန့်ရဲ့ မျက်နှာဆို ဇီးရွက်လောက်ပဲ ရှိတော့သည်။ သူ ဒီအကြောင်းကို ယာယာ့ကို ပြောပြရမှာလား...မဟုတ်သေးပါဘူး...ညီမလေး သိရင် အလကား သက်သက် စိတ်ပူနေပါဦးမယ်...ဟူး....ဘာလုပ်ပေးရင်ကောင်းမလဲ ယာယာရေ....

❤❤❤

ဦးမင်းခန့် အောက်စီဂျင်ပိုက်တွေနဲ့ ခက်ခက်ခဲခဲ အသက်ရှူနေရသော မင်းခက်ဆစ်ကို ကြည့်ပြီး တော်တော်စိတ်မကောင်းဖြစ်မိလေသည်။ အခြေအနေက တော်တော်တည်ငြိမ်သွား၍သာ နည်းနည်း စိတ်အေးသွားမိလေသည်။

'အကိုကြီးကလဲနော်...ကိုယ့်သားရဲ့ အကြောင်းတောင် ကောင်းကောင်းမသိသေးပါလား...ဒီပုံစံနဲ့များ မင်းမင်းနဲ့ ပြေလည်နေချင်သေးတယ်...ငါတောင် မင်းမင်း ပုစွန်နဲ့ မတည့်တာ သိတာကွ...ဘယ်လောက်ပဲ အလုပ်များများပေါ့ကွာ...သားကိုတော့ ဂရုစိုက်ဦးမှပေါ့...'

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now