Part - 5

7.2K 352 3
                                    

Zawgyi

'ဟဲ့...ယာယာ ကိုမင်းခက်ဆစ်နဲ့ အဆင်တွေ အရမ်းပြေနေပြီဆို...'

'အင်း...ဒီလိုပါပဲဟာ...'

'ဘာဒီလိုပါပဲလဲ...ငါတို့ကိုလဲ ကိုမင်းခက်ဆစ်နဲ့ မိတ်ဆက်ပေးလေဟာ...'

'နင်တို့ကလဲ ငါ့ သူငယ်ချင်း ပီသစမ်းပါ...သူ့ကို သိပ်အရေးမလုပ်သလိုနေ...'

'မနေနိုင်ပါဘူးဟယ်...တစ်ခြားသူဆို ရမယ်...ကိုမင်းခက်ဆစ်ကတော့ လုံးဝမရဘူး...'

ယာယာကတော့ သူ့သူငယ်ချင်းနှစ်ယောက်ကို လက်လန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်ပြီး အအေးသာ ဆက်သောက်နေလိုက်သည်။ ပြောရင်းဆိုရင်း အသက်ရှည်ပါဦးမယ်...မင်းခက်ဆစ် ဖုန်းလာတာကြောင့် ကိုင်လိုက်ပြီး

'Hello...'

'Hello...ယာယာ...ဒီနေ့ ကျောင်းဆင်းရင် ကိုယ် လာခေါ်မယ်နော်...'

'လာလေ...လူကြီး လာချင်ရင်...'

'ယာယာကရော မလာစေချင်ဘူးလား...'

'မသိဘူးလေ...'

'ကဲပါကွာ...ယာယာ့ကို မေးလဲ မသိချင်ယောင်ဆောင်နေဦးမှာပဲ...ဒါဆို ကိုယ် ကျောင်းဆင်းရင် လာခဲ့မယ်နော်...bye ယာယာ love u 😘😘'

'Omm...bye...'

ယာယာလဲ ဖုန်းချပြီးရော မြတ်နိုးနဲ့ ချယ်ရီက အသည်းအသန် မေးကြလေသည်။

'ဘာလဲ ဘာတဲ့လဲ...ကျောင်းလာမယ်တဲ့လား...'

'အင်း...'

'ယေး...ပျော်စရာကြီး...ငါတို့နဲ့လဲ မိတ်ဆက်ပေးဦးနော်...'

'ဟွန့်...ရွကို ရွတယ်...'

ကျောင်းဆင်းတော့ ကားပါကင်မှာ မင်းခက်ဆစ်က သူ့ရဲ့ အနက်ရောင် မာစီးဒီးကားကြီးကို မှီ၍ ရပ်နေလေသည်။ ဝတ်ထားတဲ့ စတိုင်ကလဲ all black ဖြစ်နေပြီး ဖွေးဥနေတဲ့ သူ့အသားတွေက နက်စွေးနေတဲ့ အနက်ရောင်ကြောင့်လား မသိ...ပိုပြီး ဖြူနေကာ အရပ်ရှည်ရှည်နဲ့ စမတ်ကျနေတဲ့ သူ့ပုံစံကြောင့် ကျောင်းက ကောင်မလေး တော်တော်များများက လှည့်ကြည့်ကြလေသည်။ အင်းလေ...မင်းခက်ဆစ်ဆိုတာ နယ်နယ်ရရမှ မဟုတ်တာ...ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပဲကို...မိန်းကလေးတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာကို...ခုမှ သေချာပြန်စဉ်းစားမိတယ်...ယာယာက အဲ့လောက်ထိ အချောအလှမိန်းကလေး စာရင်းထဲ မပါပေ...ချစ်ဖို့ကောင်းတယ်ဆိုတာလောက်ပဲ ရှိတယ်...အဲ့ဒါကိုမှ ဒီလိုယောကျာ်းမျိုးကို တွဲမိတယ်တဲ့...မင်းခက်ဆစ်ဆိုတဲ့ ထိုအနှီယောကျာ်းကလဲ ယာယာ့ကို ချစ်တယ်တဲ့လေ...ဖြစ်တော့ မဖြစ်နိုင်သေးပါဘူး...ဒီလိုသာ အမှန်ဆို မိန်းကလေးအကုန်လုံး ယာယာ့ကို မနာလိုဖြစ်ကုန်ကြမှာပေါ့...

"ချစ်ခွင့်ပြုပါ" ❤️❤️Nơi câu chuyện tồn tại. Hãy khám phá bây giờ