Extra - 2

1.9K 39 1
                                    

Unicode

Club သွားမယ်ဆိုတဲ့ plan က ပျက်ပါတယ်...အဲ့နေ့ညနေမှာပဲ ယာယာ အူအတက်ပေါက်လို့ အသည်းအသန်ဆေးရုံတင်လိုက်ရတယ်...အိမ်က လူတွေလဲ တော်တော်လန့်သွားကြတယ်...ရိုးရိုးဗိုက်အောင့်တာပဲထင်ပြီး အံတင်းရေချိုးပြီး club သွားဖို့ ပြင်နေသေးတာ...ကိုပိုင်က မျက်နှာပျက်နေတဲ့ ယာယာ့ကို သတိထားမိတော့မှ စမ်းသပ်ကြည့်ရင်း အူအတက်ပေါက်မှန်း သိလိုက်ရတာ...ဆေးရုံကို အချိန်မီတင်လိုက်နိုင်တာကြောင့် အသက်အန္တရာယ်တော့ မစိုးရိမ်ရပေ...ခွဲခန်းထဲက ထွက်လာတော့ ယာယာက သတိပြန်မရသေး...

မိုးစက်ပိုင်ကပဲ Singapore မှာရှိနေတဲ့ မင်းခက်ဆစ်ဆီကို ယာယာ့အကြောင်း လှမ်းအသိပေးရသည်...မင်းခက်ဆစ်ကလဲ တော်တော်စိတ်ပူသွားပုံရကာ ညတွင်းချင်း Flight နဲ့ ပြန်လာခဲ့မယ်လို့ ပြောလေသည်...မိုးစက်ပိုင်လဲ ညနက်နေပြီဖြစ်တာကြောင့် အမေနဲ့ မြတ်နိုးကို အိမ်ပြန်အိပ်ခိုင်းလိုက်ပြီး သူပဲ ယာယာ့အနားမှာ စောင့်ပြီး ကျန်ခဲ့လေသည်...ယာယာရဲ့ ယောက္ခမတွေကိုတော့ မင်းခက်ဆစ်ပဲ အကြောင်းကြားလိမ့်မယ်လို့ တွေးပြီး မပြောဖြစ်တော့...ယာယာကတော့ မေ့ဆေးအရှိန်မပြေသေးတော့ ခုထိ အိပ်ပျော်နေတုန်း...

မိုးစက်ပိုင်လဲ ယာယာ့ ခုတင်ဘေးက ဆိုဖာလေးပေါ်မှာ မှေးမှေးနဲ့ အိပ်ပျော်သွားတုန်း တံခါးဖွင့်သံကျယ်ကျယ်ကြောင့် လန့်နိုးသွားရပြီး ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ ယောက်ဖရယ်ပါ...နဖူးမှာ ချွေးစတစ်ချို့ စိုနေပြီး ပြေးလာခဲ့ဟန် တူသည်...မျက်နှာပေါ်မှာ ရှိနေတဲ့ စိုးရိမ်မှုတွေက အတိုင်းသား...ညီမဖြစ်သူကို သဲသဲလှုပ်လွန်းတဲ့ ယောက်ဖရယ်ပါ...

'အကို...ယာယာ ဘယ်လိုနေသေးလဲ'

'စိတ်မပူနဲ့တော့ ညီ...ခွဲစိတ်မှုလဲ အားလုံး အဆင်ပြေတယ်...ဆေးရုံအချိန်မှီရောက်တော့ ဘာမှကြီးကြီးမားမားဖြစ်မသွားဘူး'

မင်းခက်ဆစ်က သက်ပြင်းတစ်ချက်ကို ချကာ ခေါင်းငြိမ့်လိုက်ပြီး ယာယာ့ ခုတင်အနားကို တိုးလာလေသည်...မိုးစက်ပိုင်လဲ ရှောင်ပေးသင့်တယ်လို့ အတွေးဝင်လာတာကြောင့် အခန်းပြင်ထွက်လာခဲ့လေသည်...

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now