Part - 13

5.9K 274 2
                                    

Zawgyi

ယာယာ စိတ်ဆိုးဆိုးနဲ့ ဖုန်းကို ချလိုက်သည်။ ကိုကို့ဘေးမှာ ရှိနေတဲ့ ဒီမိန်းမက ဘယ်သူလဲ...ကိုကိုက တကယ်ပဲ ဖောက်ပြန်နေတာလား...မဖြစ်နိုင်ပါဘူး...မဟုတ်တာတွေ မတွေးစမ်းနဲ့ ယာယာ...ကိုကိုက ငါ့ကို ဒီလောက်ချစ်တာကို...ငါ ကိုကို ဖုန်းပြန်ခေါ်ပြီး ရှင်းပြတဲ့အချိန်ထိ စောင့်သင့်တယ်...

❤❤❤

မင်းခက်ဆစ်ရဲ့ အိမ်ရှေ့ရောက်တော့ ပန်းမြတ်က ကားကူရှင်ကို မှီကာ အိပ်ပျော်နေတဲ့ မင်းခက်ဆစ်ရဲ့ လက်မောင်းကို အသာပုတ်ကာ နှိုးလိုက်ပြီး

'ခက်ဆစ်...ခက်ဆစ်...အိမ်ရောက်ပြီလေ...'

'အင်...ဟုတ်လား...'

မင်းခက်ဆစ်က နိုးလာပြီး ပန်းမြတ်ကို ကြည့်ကာ

'Sorry နော် ပန်းမြတ်...ကိုယ် အိပ်ပျော်သွားတာ...'

'ရပါတယ်...ရှင်လဲ အန်ကယ် မရှိတော့ ပင်ပန်းနေမှာပေါ့...အော်..ဒါနဲ့ ခုနက ခက်ဆစ်ရဲ့ ကောင်မလေးလား မသိဘူး ဖုန်းဆက်တယ်...မြတ် အိပ်နေတယ်လို့ ပြောလိုက်တယ်...'

'အော်...'

မင်းခက်ဆစ်က ခုချိန် ယာယာ သူ့ကို အထင်လွဲနေလောက်မလားဟု တွေးမိသော်လည်း ပန်းမြတ်ရှိနေသောကြောင့်

'ပန်းမြတ်ကို အိမ်ပြန်လိုက်ပို့ခိုင်းလိုက်မယ်နော်...'

'အို...မဟုတ်တာ ခက်ဆစ်ရယ်...ရပါတယ်...'

'မရပါဘူး...မိုးချုပ်နေပြီ...'

မင်းခက်ဆစ်က ပြောလဲပြော ကားရှေ့ခန်းက ဒါရိုင်ဘာ ကောင်လေးကို

'မောင်ကျော်...ပန်းမြတ်ကို အိမ်ရှေ့ထိ သေချာပြန်လိုက်ပို့ပေးလိုက်...'

'ဟုတ်ကဲ့ ဆရာ...'

မင်းခက်ဆစ်က ကားတံခါးဖွင့်ကာ ဆင်းလိုက်ပြီး

'သေချာဂရုစိုက်ပြန်ပါ...ပန်းမြတ်...'

'ဟုတ်ကဲ့...ကျေးဇူးပါနော် ခက်ဆစ်...'

ခက်ဆစ်က တစ်ချက်ပြန်ပြုံးပြပြီး အိမ်ထဲ ဝင်သွားလေသည်။ အိမ်ထဲရောက်တော့ အခန်းထဲ တန်းမဝင်သေးပဲနဲ့ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်လေသသည်။ အိမ်ရဲ့ မီးဖိုခန်းကို တာဝန်ယူပေးထားရတဲ့ ဒေါ်ပိုက သူ့ရှေ့ကို သံပုရာရည်တစ်ခွက် ချပေးလေသည်။

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now