Part - 7

6.6K 290 5
                                    

Zawgyi

'ဘာ...ယာယာ...ဒါတော့ မဖြစ်သင့်ဘူးလေ...ကိုယ်က ဘာတွေ ဖြစ်နေလို့လဲ...ကိုယ့်မှာ ဘာချို့ယွင်းချက်တွေများ ရှိနေလို့လဲကွာ...'

ယာယာက အိမ်အပြင်တောင် ကိုပိုင် လိုက်ပို့မှ ထွက်ရကြောင်းနဲ့ မေမေတို့ရဲ့ သဘောထားကို ပြောပြလိုက်တော့ မင်းခက်ဆစ်ခမျာ တော်တော်လဲ ဗြာများသွားရလေသည်။ ဒီကြားထဲ ယာယာက ငိုမဲ့မဲ့အသံလေးနဲ့ ပြောနေတော့ သူ့စိတ်တွေ ပိုပြီး ပူလောင်ရလေသည်။ ယာယာရယ်....

'ယာယာ...ခု ငိုနေတာလား...မငိုပါနဲ့နော်...ကိုယ် စိတ်ပူတယ်ကွာ...'

'ဟုတ် ကိုကို...စိတ်မပူပါနဲ့...ကိုပိုင်တို့က ယာယာ့ကို အပြင်တွေဘာတွေပဲ မထွက်ခိုင်းတာပါ...'

ဖုန်းထဲက အသံလေးကြားရုံနဲ့ စိတ်မချတွေ ဖြစ်နေတာ...ခုချက်ချင်းတောင် ပြေးတွေ့ချင်မိလေသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၁နာရီကျော်...

'ယာယာ...ကိုကို လာခဲ့မယ်နော်...'

'ဟင်...ဘယ်ကိုလာမှာလဲ...အိမ်ကိုလား...'

ယာယာ မေးနေတုန်း ရှိသေး...ဖုန်းချသွားတဲ့ မင်းခက်ဆစ်ကြောင့် ကြောင်တောင်တောင်လေး ကျန်ခဲ့လေသည်။ ဘာလဲဟ...မေးတာတောင် အဆုံးထိ ဖြေမသွားဘူး...
၁၅ မိနစ်လောက်နေတော့ မင်းခက်ဆစ်ဆီမှ ဖုန်းထပ်ဝင်လာသဖြင့်...

'Hello...'

'Hello...ယာယာ...ကိုကို အခု ယာယာ့ အိမ်ရှေ့ရောက်နေပြီ...ထွက်ကြည့်လိုက်...'

'တကယ်....'

ယာယာ စိတ်လှုပ်ရှားစွာနဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့...တကယ်ပဲ ကိုကို ရောက်လာတာပဲ...ကိုကိုက အိမ်နေရင်းနဲ့ဝတ်စုံနဲ့ ထလာတာထင်သည်။ အစိမ်းဖျော့ရောင် ဂျင်းပျော့ဘောင်းဘီတိုလေးနဲ့ အပေါ်က တီရှပ်အဖြူလေးကို ဝတ်ဆင်ထားပြီး ဆံပင်တွေကိုလဲ ထောင်မထားသောကြောင့် နဖူးပေါ် ဝဲဝဲလေး ကျနေလေသည်။ အို...အိမ်နေရင်းတောင် ကြည့်ကောင်းလိုက်တာနော် ကိုကိုက...ခုလို လွမ်းနေတဲ့အချိန်လေးမှာတောင် ရှေ့ကို ရောက်လာတာ...ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ လူကြီးလဲနော်...ကိုကိုက ယာယာ့ကို ချိုမြိန်စွာ ပြုံးပြပြီး ဖုန်းထဲကနေ...

"ချစ်ခွင့်ပြုပါ" ❤️❤️Où les histoires vivent. Découvrez maintenant