Part - 2

9.7K 414 0
                                    

Zawgyi

ယာယာက မင်းခက်ဆစ်ကို မြင်မြင်ချင်းတည်းက မျက်မှောင်ကို ကျုံပြီး နှုတ်ခမ်းက အော်တို ဆူသွားလေသည်။ စူပုတ်ပုတ်ဖြစ်သွားတဲ့ ယာယာကို ကြည့်ပြီး...ဟောဗျာ...သူ့ကို အဲ့ဒီလောက်တောင် ကြည့်မရတာလား....ရေနွေးပူနဲ့ အလောင်းခံရတာ ဟောဒီက သူပါဗျာ...

'ထနိုင်ရဲ့လား...'

'ထနိုင်တာပေါ့...အ....'

ယာယာက လဲကျနေရာမှ မတ်တပ်ရပ်လိုက်တော့ ခြေချင်းဝတ်က ဆစ်စခနဲ နာသွားသောကြောင့် ပြန်လဲကျသွားလေသည်။ မင်းခက်ဆစ်လဲ ယာယာ မလဲခင် အမြန်ပွေ့ထိန်းလိုက်လေသည်။ ယာယာ့ခါးကို ဖက်ကာ ထိန်းထားတဲ့ မင်းခက်ဆစ်ကို ကြည့်ပြီး ယာယာက

'ရှင်...လွှတ်နော်...ယာယာကို လာမဖက်နဲ့...'

'ဟ...ဖက်ထားချင်လို့ ဖက်ထားတယ်များ ထင်နေတာလား...လဲကျမှာစိုးလို့ကွ...'

'အဲ့ဒါ ရှင့်ကြီး ကြောင့်ပဲလေ...ကားကို ဘယ်လို မောင်းနေမှန်းမှ မသိတာ...ရှေ့မှာ လူတစ်ယောက်လုံး ရှိတာတောင် မမြင်ပဲနဲ့...'

'ငါ့ကားနဲ့ မင်းကို ထိတောင် မထိမိဘူးနော်...မင်း ဘာသာ လန့်ပြီး လဲကျသွားတာ...'

'ဘာပဲဖြစ်ဖြစ် ရှင်ကြီးကြောင့်ပဲလေ...အဟင့်...'

ယာယာက ပြောရင်း ပြောရင်း ခြေထောက်ကလဲနာ ဒေါသကလဲ ထွက်လာတာကြောင့် ငိုမဲ့မဲ့ ဖြစ်လာသည်။ သူ့ကြောင့် အနာတရဖြစ်သွားတာကိုပင် မဟုတ်ဘူး ငြင်းနေပြီး ဂရုမစိုက်သလို ပြောနေတဲ့ လူကြီးကို ယာယာ အရမ်းအမြင်ကတ်မိလေသည်။

'ယာယာ့ ခြေထောက်မှာလဲ သွေးတွေ ထွက်နေပြီ...အဲ့ဒါ ရှင်ကြီး ကြောင့်ပဲလေ...ခုမှ ဘာမှ မဟုတ်သလို လာပြောမနေနဲ့...'

မင်းခက်ဆစ် ခုမှ ငုံ့ကြည့်မိလိုက်တော့ ဟုတ်သားပဲ...အဖြူရောင်ဂါဝန်တိုလေး ဝတ်ထားတဲ့ ယာယာရဲ့ ခြေထောက်ဖွေးဖွေးဥဥလေးတွေမှာ ပွန်းပဲ့ဒဏ်ရာတွေကြောင့် သွေးတွေ စို့လျက်...မင်းခက်ဆစ်လဲ ဒီလို မြင်ရတော့လဲ စိတ်မကောင်းဖြစ်မိပြီး လေသံကို အတတ်နိုင်ဆုံး ပြန်လျော့ကာ...

'ဟူး....ကိုယ် တောင်းပန်ပါတယ်ကွာနော်...ခု ဆေးရုံအရင် သွားရအောင်...'

"ချစ်ခွင့်ပြုပါ" ❤️❤️Dove le storie prendono vita. Scoprilo ora