Part - 15

6.3K 257 11
                                    

Zawgyi

မင်းခက်ဆစ် အခန်းထဲ ပြန်ဝင်လာတော့ ပန်းအိုးအကွဲတွေ ပစ္စည်းတွေနဲ့ ရှုပ်ပွနေလေသည်။ ယာယာကတော့ ခုတင်ပေါ်မှာ အိပ်ပျော်နေလေရဲ့...ဟင်း...ကလေးလေး...ဒေါသထွက်ရတာ မောပြီး အိပ်တောင် ပျော်နေပြီပေါ့...ယာယာ့ ပါးပြင်ပေါ်က ခြောက်သွေ့နေတဲ့ မျက်ရည်စီးကြောင်းလေးကို အသာသုတ်ပေးလိုက်ပြီး ဆံပင်လေးကို သပ်ပေးလိုက်ကာ နဖူးလေးကို တစ်ချက်နမ်းလိုက်လေသည်။ ပြီးနောက် ဖုန်းဆက်၍ hotel service ကို ခေါ်ရလေသည်။ ဝန်ထမ်းတွေက အခန်းထဲ သန့်ရှင်းရေးလုပ်ပြီးသွားတော့ သူလဲ အပြင်ဘက်ထွက်ကာ ထိုင်နေလေသည်။ ထိုစဉ် hotel manager ကျော်သက်လင်းက ရောက်လာလေသည်။ ကျော်သက်လင်းက သူနဲ့ hotel စဆောက်တည်းက ရင်းနှီးခဲ့တာ ဖြစ်သည်။ ကျော်သက်လင်းက သူ့ဘေးက ခုံမှာ ဝင်ထိုင်လိုက်ပြီး

'ဆရာက ကောင်မလေးကို အလိုမတူဘဲ ခိုးပြေးလာတာလားဗျ...စိတ်တော့ ကြီးတယ်နော်ဗျ...အခန်းထဲမှာ တန်ဖိုးကြီးတဲ့ အရာတွေ ထားလို့ မဖြစ်ဘူး...'

'ယာယာက ငယ်ပါသေးတယ်...ငါလဲ ရွေးစရာနည်းလမ်းမရှိတော့လို့...'

'ကောင်းပါတယ်ဗျာ...ဆရာတို့က လက်သွက်ချက်...အော်...ဒါနဲ့ CEO ရော သိရဲ့လားဗျ...ဆရာ ဒီရောက်နေတာကို...'

'မသိသေးပါဘူး...ဒါပေမဲ့ ဒယ်ဒီက ငါ့ကို ဘာမှပြောမှာမဟုတ်ပါဘူး...မိန်းမယူလို့ သဘောတောင်ကျနေဦးမှာ ဟက်...ဟက်...'

'ဆရာတို့ ဒီမှာ ဘယ်လောက်လောက်နေမယ်လို့ စိတ်ကူးထားလဲ...'

'ဟိုမှာ အခြေအနေတွေ အကုန်တည်ငြိမ်သွားရင်ပေါ့...ယာယာ့ကိုလဲ သူ့မိဘတွေဆီ ပြန်အပ်ပေးရဦးမယ်...တစ်ပတ်လောက်တော့ နေဖြစ်မယ်ထင်တယ်...'

'ဟုတ် ဆရာ...dinnerကို ကမ်းခြေမှာ စီစဉ်ပေးထားမယ်နော်...ကြင်စဦးဇနီးမောင်နှံတွေအတွက် သီးသန့် Romatic dinner လေ...'

မင်းခက်ဆစ်က ပြုံး၍

'ကောင်းတာပေါ့...'

'ဒါဆို ကျွန်တော် သွားတော့မယ် ဆရာ...'

မင်းခက်ဆစ်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ manager ကျော်သက်လင်းက ထွက်သွားလေသည်။ သူလဲ ဗူးထဲက စီးကရက်ကို ထုတ်ကာ မီးညှိကာ သောက်နေလေသည်။

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now