Part - 6

7K 313 4
                                    

Zawgyi

'သား...မင်းမင်း...'

'ဟင်...ဒယ်ဒီ...'

မင်းခက်ဆစ် အပြင်သွားမလို့ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲမှာ ရောက်နေတဲ့ ဒယ်ဒီ့ကို တွေ့ပြီး အံ့သြသွားလေသည်။ ဒီတစ်ခါတော့ ဒေါ်နီလာချို မပါတော့...

'ဒယ်ဒီ...လာပြောစရာရှိလို့လဲ...'

'သား အဆင်ပြေလား လာကြည့်တာပါ...တို့သားအဖတွေလဲ မတွေ့ရတာကြာပြီလေ...'

မင်းခက်ဆစ် ဘာမှမပြောပဲ ခဏငြိမ်နေမိသည်။ ဒယ်ဒီနဲ့သူနဲ့ အနေဝေးနေတာတောင် တော်တော်ကြာပြီလေ...ဒယ်ဒီက ခုလို လာပြောတော့ သူ့ကို ဂရုစိုက်သေးသားပဲလို့ တွေးကာ ကျေနပ်မိလေသည်။

'သားကို ပြောစရာရှိတယ်...ဒီတစ်ပတ် Sundayက Companyရဲ့ နှစ်ပတ်လည်ပါတီ ရှိတယ်...အဲ့ပါတီကို ဒယ်ဒီတို့နဲ့ အတူတူအလုပ်လုပ်နေတဲ့ company တွေ တခြားလုပ်ငန်းရှင်တွေလဲ အများကြီး လာကြမှာ...သားလဲ ပါတီကို တက်ရမယ်နော်...ဒယ်ဒီက သားကိုလဲ အားလုံးနဲ့ မိတ်ဆက်ပေးချင်တယ်...'

'ဟုတ်ပါပြီ ဒယ်ဒီ...သား တက်ပါ့မယ်...သားလဲ ဒယ်ဒီ့ကို အဲ့နေ့ကျရင် သားချစ်သူနဲ့ မိတ်ဆက်ပေးချင်တယ်'

'ဟေ...သားမှာ အတည်ချစ်ရတဲ့ ချစ်သူတောင် ရှိနေပြီလား...ဒယ်ဒီက အရင်လိုပဲ ကောင်မလေးတွေကို တွဲလို့ ကောင်းတုန်းထင်နေတာ...'

'ဒယ်ဒီကလဲ...သား လိမ်မာနေပါပြီ...'

'အေးပါ...အေးပါ...ခုလို ကြားရတော့လဲ ကောင်းတာပေါ့ကွာ...သား ချစ်သူကို ခေါ်ခဲ့ပေါ့...ဒယ်ဒီလဲ ကြည့်ရတာပေါ့...'

'ဟုတ် ဒယ်ဒီ...'

'အေး...သား...ဒယ်ဒီလဲ ပြန်တော့မယ်နော်...အစစအရာရာ ဂရုစိုက်ဦး...'

'အင်း...ဒယ်ဒီရောပဲ...'

ဒယ်ဒီ ထွက်သွားတာကို ကြည့်ပြီး မင်းခက်ဆစ် ပြုံးနေမိလေသည်။ ကလေးရေ...ကိုကို့ ဒယ်ဒီနဲ့ မိတ်ဆက်ပေးမယ်နော်...ကိုကို ကလေးကို ဘယ်လောက်ချစ်လဲ ကလေးသိရင် သိပ်ကောင်းမှာကွာ...

❤❤❤

'ဟင်...တကယ်လား...ကိုကို...ယာယာ မလိုက်ရဲပါဘူး ကြောက်တယ်...အဲ့ပါတီပွဲက သူတွေနဲ့လဲ သိမှာမဟုတ်ဘူး...ကိုကို့ ဒယ်ဒီကိုလဲ ကြောက်တယ်...မလိုက်ချင်ဘူးနော် ကိုကို...'

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now