Part - 10

6.1K 285 4
                                    

Zawgyi

နှိုင်းဒီပါ ယာယာရဲ့ i phone လေးကို ဖွင့်ကြည့်လိုက်သည်။ passward ခံထား၍ ဖွင့်မရပေမဲ့ မင်းခက်ဆစ်ရဲ့ missed call တွေကိုတော့ တွေ့ရလေသည်။ ဟက်...တော်တော်ဇွဲကောင်းကောင်းနဲ့ ခေါ်ထားတာပဲ...အခါ၅၀လောက်ဆိုတော့...သူ မမနဲ့ ရှိနေတဲ့ တစ်တောက်လျှောက်လုံး ခေါ်ထားတာပေါ့...နှိုင်းက ယာယာ့ကို ကားပေါ်စခေါ်လာတည်းက ယာယာ့ ဖုန်းကို မသိမသာယူ၍ silent လုပ်ထားတာ ဖြစ်လေသည်။ ဒါကြောင့်မို့လဲ ယာယာက မင်းခက်ဆစ်ရဲ့ ph call တွေကို မသိပဲ မကိုင်ဖြစ်တာ သိလေသည်။ ခုဆိုရင် သူတို့ကြားမှာ ပြဿနာတော့ ဖြစ်နေလောက်ပြီဆိုတာ သေချာလေသည်။ တောင်းပန်ပါတယ် မမ...ကျွန်တော် မမကို အရမ်းချစ်လို့ပါ...
နှိုင်း ယာယာရဲ့ ဖုန်းကို ပြန်ပိတ်လိုက်ပြီး ဒီနေ့ညပဲ ပြန်သွားပေးလိုက်တာ ကောင်းပါတယ်...မနက်ကျမှ ပေးရင် သူ့ကို သံသယဝင်နေဦးမယ်လို့ စဉ်းစားလိုက်ပြီး ကားကို ပြန်ကွေ့လာခဲ့သည်။ ယာယာတို့ အိမ်ရှေ့ရောက်တော့ မမက တစ်ယောက်တည်း လမ်းမပေါ်မှာ ထိုင်ငိုနေတာ တွေ့ရတော့ နှိုင်း စိတ်ပူစွာ ကားပေါ်က လျှင်မြန်စွာ ဆင်းလိုက်ပြီး ထိုင်ပြီး ငိုနေတဲ့ မမဘေးမှာ ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်ပြီး

'မမ...ဘာဖြစ်လို့လဲ...ဘာလို့ ငိုနေတာလဲ...'

'နှိုင်း...နှိုင်း...သူလေ...မမကို မုန်းသွားပြီလား မသိဘူး...အဟင့်..မမကို အထင်လွဲနေတာ...မမ ဘယ်လိုရှင်းပြရမလဲ ဟင်...'

နှိုင်းဒီပါ အံကို ခပ်တင်းတင်းတစ်ချက် ကျိတ်လိုက်မိသည်။ မမက အဲ့ကောင်ကြောင့် ဒီလောက် ခံစားနေရပါလားဆိုတော့ အသိက ရင်ကို ဓားနဲ့ မွှန်းသလို တဆစ်ဆစ်နာကျင်နေလေသည်။ နှိုင်း ဘာမှမပြောပဲ မမ ကိုယ်လေးကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။

'မမ ဘေးမှာ ကျွန်တော် ရှိနေတာပဲဗျာ...ဘာလို့ သူ့ကိုပဲ တမ်းတနေရတာလဲ...'

'အဟင့်...ဟင့်...'

❤❤❤

မင်းခက်ဆစ် ကားကို အရှိန်ပြင်းစွာ မောင်းနေရင်းမှ စိတ်ကလဲ ယာယာ့ဆီပဲ ပြန်ရောက်နေလေသည်။ ဟူး...ငိုနေတာ...အဆင်ပြေမှ ပြေပါ့မလား မသိ...မင်းခက်ဆစ် မင်းကိုက စိတ်မနာနိုင် ချစ်နေသေးတာ မညာချင်စမ်းပါနဲ့...သူ ကားကို ပြန်ကွေ့လိုက်ပြီး ယာယာ့ဆီ ပြန်လာခဲ့သည်။ သူ စိတ်ကို ဒုံးဒုံးချလိုက်သည်။ ယာယာ ဘာတွေပဲ ဖြစ်ဖြစ်နေ အကုန်ခွင့်လွှတ်တော့ပါမယ်လို့...သူ့အပေါ် သစ္စာဖောက်ပြီး တစ်ခြားတစ်ယောက်နဲ့ တွဲပါတယ်ဆိုရင်တောင် သူ ခွင့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ...ယာယာ မရှိပဲ သူ ဘယ်လိုမှ နေနိုင်မည်မဟုတ်ပါ...
ယာယာ့ အိမ်ရှေ့ရောက်တော့ မြင်ရတဲ့မြင်ကွင်းက သူ့ရင်ကို ဆောင့်ကန်လိုက်သလိုပင်...တစ်ခြားကောင်တစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ငိုနေတဲ့ ယာယာ့ကို တွေ့လိုက်ရတာက သူ့ဒေါသတွေကို ပွက်ပွက်ဆူစေပြီး ကားတံခါးကို ဖွင့်ကာ ခြေလှမ်းကျဲကျဲနဲ့ ဆင်းလာခဲ့သည်။ အနားရောက်တော့ ယာယာ့ကို ဖက်ထားတဲ့ကောင်ကို ဆွဲခွာကာ မျက်နှာကို ပိတ်ထိုးလိုက်လေသည်။ သူဒေါသနဲ့ ထိုးလိုက်တဲ့ အရှိန်က ဘယ်လောက်များလဲတော့ မသိ...ထိုကောင်လေးက လမ်းမပေါ်ပင် ပစ်ချသွားလေသည်။ ယာယာကလဲ သူ့ကို မြင်တော့ မျက်ရည်အဝဲသားနဲ့ ကြောင်ပြီး ကြည့်နေလေသည်။ သူလဲ ရှိသမျှ ဒေါသတွေကို ထိုကောင်လေးဆီကို ပုံချပြီး တစ်ချက်ပြီး တစ်ချက်ထိုးမိတော့ ယာယာက သူ့ခါးကို နောက်နေ ဖက်၍

"ချစ်ခွင့်ပြုပါ" ❤️❤️Where stories live. Discover now