Part 1(Uni +Zaw)

56.5K 2.3K 40
                                    

Arr Ah Daddy
Part 1(Uni)


"ဝမ်ရီလျှို့ ရွယ်ယိ့ မင်း.....မင်းတို့ ဘယ်လို များလုပ်နိုင်ကြတာလဲ "

ရွယ်ယိ့က ရယ်လျှက် မယုံနိုင် ဖြစ်နေတဲ့ ရှောင်ကျန့်ကို ကြည့်ကာ အောင်နိုင်သူအဖြစ် မာန်ချီနေလေရဲ့။ ရွယ့်ယိ့က ဝမ်ရီလျှို့ရဲ့ လက်မောင်းကို ချိတ်ကာ ရှောင်ကျန့်ကို ပြန်ဖြေလိုက်သည်။

"ရီလျှို့က ငါ့ကိုဘဲ ချစ်တာ နင့်လို သားအိမ် မပါတဲ့ ယောကျာ်းတစ်ယောက်ကို မဟုတ်ဘူး"

"ရွယ်ယိ့ မင်းက ငါ့အချစ်ဆုံး သူငယ်ချင်းပါ ဘာလို့ ငါ့ချစ်သူနဲ့ ဖောက်ပြန်ရဲတာလဲ"

"ဟားဟား အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး ရှောင်ကျန့် နင်က ဘယ်လိုများ သူငယ်ချင်း ဆိုတဲ့ စကားကို ပြောထွက်တာလဲ အစထဲက ငါ့က နင့်ကို မသတ်မှတ်ခဲ့ဖူးဘူး"


ရီလျှို့ကတော့ ဘေးကနေဘဲ ရှောင်ကျန့်ကို ခပ်စိမ်းစိမ်းကြည့်နေသည်။ ဘာစကားတစ်ခွန်းမှ ဝင်မပြောပေ။

ထိုသုံးယောက်က အခုမှ ပထမနှစ် ကျောင်းသားကျောင်းသူတွေဖြစ်ပြီး ကျောင်းခေါင်းမိုးထပ်တွင် စကားများနေကြခြင်းဖြစ်တယ်။ သူတို့အားလုံး အသက်ရွယ်တူဖြစ်ကြပြီး အသက်မှာ ၁၈ နှစ် ဖြစ်ကြသည်။

ဝမ်ရီလျှို့မှာ နိုင်ငံတွင် နံပါတ် တစ် နေရာမှာ ရပ်တည်နေတဲ့ Wang ကုမ္မဏီ ရဲ့ တစ်ဦးထဲသော သား အမွေဆက်ခံသူဖြစ်တယ်။ သူက ရှောင်ကျန့်နဲ့ ရီးစားသက်တမ်း ၃နှစ်ရှိနေပြီး ဖြစ်ပေမဲ့ သူက Wang ကုမ္မဏီကို ဆက်ခံရမှာ ဖြစ်တာကြောင့် သူ့ရဲ့ အနာဂတ် ဇနီးကို မိန်းကလေးကိုဘဲ လက်ထက်ယူချင်ခဲ့တယ်။ ရှောင်ကျန့်အပေါ် နဲနဲလေးမှ အားနာစိတ်မရှိပေ။ ချစ်သူသက်တမ်း တစ်လျှောက်တွင် သူက ရှောင်ကျန့်လိုတာမှန်သမျှ ဘေးကနေဖြည့်စည်းပေးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် လမ်းခွဲခြင်းအတွက် စိတ်မသက်မသာ တစ်ခုမှ မဖြစ်ပေ။


သူက ကုမ္မဏီရဲ့ ဆက်ခံသူဖြစ်တာကြောင့် ရွယ်ယိ့လို မိန်းကလေးကသာ သူဘေးတွင် ယှဥ်ရပ်ရန် သင့်တော်သည်ဟု တွေးခဲ့သည်။ ရွယ်ယိ့ က မိန်းကလေးပီပီ သွယ်လျှကာ အမိုအမောက် အကွေးအကောက် လိုင်းတွေနဲ့ နူးညံသော အသွင်ရှိသည်။ မျက်နှာမှာလဲ ညဘက်တွင် ထွက်သော လမင်းလို ဖြစ်နေသည်။ ရွယ်ယိ့က Yue ကုမ္မဏီရဲ့ သမီးအငယ်ဆုံးဖြစ်ပြီး သူ့အထက်တွင် အကို ၃ယောက်ရှိသည်။


Arr Ah Daddy (Complete)Where stories live. Discover now