Part 14(Uni +Zaw)

21.5K 1.7K 72
                                    

Arr Ah Daddy
Part 14(Uni)


မိုးအနှောင်း ဆောင်းဦး အစ ရာသီလေးမို့ မနက်ခင်းက မြူစိိုင်းကာ အနဲငယ် အေးသည်။ ဒါပေမဲ့ လူတွေကတော့ မအေးနိုင်ပါ။ တာဝန် ကိုယ်စီကို ဝေမျှ လုပ်ကိုင်ကာ ချွေးစို့နေကြသည်။

အနီရောင် ဖဲကြိုးများ မီးပုံးအနီများ နှင်းဆီပန်းအနီတို့ဖြင့် တစ်ခန်းလုံးကို အနီရောင် စံမြန်းထားသည်က မဂ်လာရှိ၏။ ဒီနေ့က ရှောင်ကျန့်နဲ့ ရီပေါ်တို့ရဲ့ လက်ထက်မည့် နေပင်။

နိုင်ငံ၏ နံပါတ်တစ် ထိပ်တန်းဝင် KLဟော်တယ်တစ်ခုလုံးကို ငှားကာ လက်ထက်ပွဲ ကျင်းပနေတာ ဖြစ်တယ်။ Wang ကုမ္မဏီက ဝန်ထမ်းအားလုံးကလဲ ပျော်ရွှင်စွာ ပြင်ဆင်ပြီး လိုအပ်သည့်နေရာတွင် အသီးသီး တာဝန်ယူလုပ်ကိုင်ကြသည်။ သူတို့ရဲ့ CEO ဝမ်ရီပေါ်က အေးစက်တဲ့ ရေခဲတုံးကြီး ဖြစ်သော်လည်း ဝန်ထမ်းအားလုံးကို ညီတူမျှတူ ဆက်ဆံကာ အရည်အချင်းရှိသောကြောင့် ဝန်ထမ်းအားလုံးက ချစ်ကြောက်ရိုသေ ဆိုသည့် စကားအတိုင်းပင် ဖြစ်သည်။


သူတို့ရဲ့ CEO လက်ထက်မှာက ယောကျာ်းလေးဖြစ်ပေမဲ့ သူတို့အတွက် ဘာမှ မဖြစ်ပေ။ ခေတ်မှီလာတဲ့ အနေအထားအရ ယောကျာ်းလေး အချင်းချင်း မိန်းကလေးအချင်းချင်း လက်ထက်သည်က ထူးဆန်းသည်မဟုတ်။ လက်ထက်ထိန်းမြားမှုတွင် လိုအပ်သည်က အချစ်ပင်။ ထို့အပြင် ဝမ်ရီပေါ် ဖြစ်နေတာကြောင့် ဘယ်သူမှလဲ သူ့ကို မေးခွန်း မထုတ်ရဲ။

ရှောင်ကျန့်က လဝက်မှာ လက်ထက်ချင်သည် ဆိုသည့်အတွက် ဝမ်ရီပေါ်က  လဝက်နဲ့တင် အပြီး လက်ထက်ဖို့ ကိစ္စအားလုံးကို စီစဥ်ခဲ့သည်။ အချိန်၂ ပတ်သာ ရှိသော်လည်း ငွေအား လူအား တတ်နိုင်သည့်အတွက် အပြင်အဆင်အားလုံးမှာ တစ်နေရာမှ လိုသည်မရှိပေ။


လက်မထက်ခင် တစ်နာရီ အလို......

"ရှောင်ကျန့် နင်နိုင်ပါတယ်"

သတိုးသား နေရာ အခန်းထဲ ဝင်ကာ စကားလာပြောသူက ရွယ်ယိ့ပင်။ အဖြူရောင် dress အရှည်ကို ဝတ်ဆင်ကာ မိတ်ကပ်များ ခြယ်သ လာပုံက မသိလျှင် သူက သတို့သမီးလိုလို။ ဆံပင်လှိုင်းကောက် ပုခုံးကျော်လောက်ကို တစ်လွှာစီးထားသည်။ တံခါးအပေါက်ဝကို မှီကာ လက်ပိုက်ပြီး ရှောင်ကျန့်ကို ခနဲ့ နေခြင်းဖြစ်သည်။

Arr Ah Daddy (Complete)Where stories live. Discover now