Part 7(Uni +Zaw)

20.8K 2.1K 124
                                    

Arr Ah Daddy
Part 7(Uni)


လူအများရဲ့ ဝိုင်းကြည့်ခြင်းကို ခံရတော့ ရှောင်ကျန့် တကယ်မနေတတ်တော့ပါ။ သူ့ဘေးနားက ဝမ်ရီပေါ့်ရဲ့ ခန့်ညားတဲ့ မျက်နှာလေးကို တစ်ချက်မော့ကြည့်မိတယ်။ ထိုသူကတော့ တည်ကြည်တဲ့ မျက်နှာထားနဲ့ မျက်ခုံးမွှေးတို့ကို ကျုံ့ထားသယောင် မပြောင်းလဲသော အနေအထားနဲ့ဘဲ ရှိနေလေသည်။

ဝမ်ရီပေါ်က ရှောင်ကျန့်သူ့ကို ကြည့်နေတာ သိသောကြောင့် လမ်းလျှောက်ရင် မတိုးမကျယ် အသံအနေအထားနဲ့ စကားပြောလိုက်သည်။


"ကိုယ့်မျက်နှာမှာ ဘာပေနေလို့လဲ။ ရှေ့ကိုကြည့်လျှောက်​"


ပြောသော လေသံထဲတွင် နွေးထွေးမှု တစ်စုံ တစ်ရာ ပါဝင်နေလေသည်။ သူတို့နှစ်ဦးကြား လေထုက နွေးထွေးကာ စိတ်သက်တောင့် သက်သာ ဖြစ်စေသည်။

ရှောင်ကျန့်က အတွေးတို့ကို ဖျောက်ပြီး ခေါင်းခါကာ ဘာမှမပေကြောင်း ဖြေလိုက်သည်။ ဝမ်ရီပေါ်ကတော့ ရှောင်ကျန့်မှာ ကလေးသဖွယ် ခေါင်းခါပြီး ပြန်ဖြေပုံကို သဘောကျကာ တည်တံ့တဲ့ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု ဖြတ်ပြေးသွားသည်။

ဝမ်ရီပေါ်မှာ ပုံမှန်ဆို အရယ်အပြုံး မရှိတဲ့ သွေးအေးတဲ့ ကျောက်ရုပ်ကြီး ပမာဖြစ်ပေမဲ့ ဒီကလေးနဲ့ တွေ့မှ သူဘယ်နှစ်ခါ ပြုံးမိမှန်းပင်မသိပါ။

ထိုကိစ္စရပ်အကုန်လုံးကို တွေ့လိုက်သော ရီလျှို့မှာ ပြောမပြတတ်သော ခံစားချက်အချို့ ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ သူ့အဖေ ရယ်ပြုံးတာကို သူငယ်ငယ်လေးထဲက မမြင်ဖူးပေ။ရှောင်ကျန့်ကိုဆို အမြဲ နွေးထွေးစွာ ပြုံးပြတတ်သည်။ ရှောင်ကျန့်ကလဲ သူ့အဖေကိုကျ ယုန်သွားလေးများ ပေါ်အောင် ရယ်ပြပြီး သူ့ကိုကျ အကြည့်တစ်ချက်ပင် မပေးတော့ပေ။

((ဟဲ့ တန်လားနင်က😤))

ရီလျှို့ ရှောင်ကျန့်ကို သေချာ စူးစိုက် ကြည့်နေမိသည်။ ထို သေးသွယ်သော ကောင်လေးမှာ အဖြူရောင်ကို ဝတ်ဆင်ထားတော့ သာမန်အသားအရည်ထက် ပိုပြီး ဖြူဥကာ အပြစ်ကင်းစင်ပုံ ပေါ်နေသည်။ ဆယ်ကျော်သက်အရွယ်ဖြစ်သည်မို့ ပါးလေးများက အနဲငယ် ဖောင်းနေသယောင်။ ခြေတံ သွယ်သွယ်ရှည်ရှည်လေးတွေက ထိုသူလေးကို ပိုပြီး ဆွဲဆောင်မှု ရှိအောင် ထောက်ပံ့ နေသလိုပင်။ မိတ်ကပ်ကူစရာ မလိုသောမျက်နှာလေးကလဲ ဝင်းပကာ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသော မျက်စုံတစ်စုံနှင့်အတူ နှုတ်ခမ်းဖူးဖူးလေးတွေကြောင့် ထိုကောင်လေးမှာ မြင်သူငေးရအောင် ချောမောလွန်းလေသည်။

Arr Ah Daddy (Complete)Where stories live. Discover now