Part 23(Uni +Zaw)

20.2K 1.7K 37
                                    

Arr Ah Daddy
Part 23(Uni)


"ပြွတ်....အင့်......daddy. ..ကလဲကွာ လွှတ်ပါအုံး"

မနက်ခင်း နေရောင်ခြည် ဖြာကျနေသော ကုတင်ထက်တွင် ရီပေါ်သည် ရှောင်ကျန့် နှုတ်ခမ်းတွေကို နမ်းရှိုက်နေပါ၏။ သူတို့နှစ်ဦးမှာ အရင်ကထက် ပိုပြီး ကိုယ်လက် ရင်းနှီးနေကြလေပြီ။

ဟင်း...ဟင်း....ညတိုင်းလဲ pa pa pa မလုပ်ဖြစ်တဲ့ နေ့ ရယ်လို့ မ​ရှိပါ။ မိုးမလင်းရင်တောင် သန်းခေါင်ကျော်တဲ့ အထိ။ ရှောင်ကျန့်လဲ daddy ကို အသားကျသွားတာ ဖြစ်မယ်။ ခံနိုင်ရည် ရှိလာသလိုဘဲ။

အခုလဲ မောနင်း kiss ဆိုပြီး မလွှတ်တော့တဲ့ နှုတ်ခမ်းတွေကြောင့် ရှောင်ကျန့်မှာ သူ့လက်သေးသေးလေးနဲ့ ရီပေါ့်ရဲ့ တောင်တင်းတဲ့ ရင်ဘက်ကို တွန်းနေသည်။

"ကျန့်လေး ကလဲကွာ"

"သွားမတိုက်ရသေးဘူးလေ daddy မရွံဘူးလား"

"ရွံစရာလား ကိုယ့်ကလေးကို"

"ကျွန်တော်က ကလေး မဟုတ်တော့ဘူး"


ကလေး လို့ ​ပြောတိုင်း နှုတ်ခမ်းစူက စိတ်စိုးတတ်သူလေးရဲ့ ပါးနှစ်ဖက်ကို ဆွဲနမ်းလိုက်လေသည်။

"မနက်စာ ပြင်ရအုံးမယ် daddy လဲ ထတော့"

ရှောင်ကျန့်ပြောပြီးတာနဲ့ ကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။ ခဏနေတော့ ပြန်ထွက်လာပြီး အောက်ထပ်ကို ဆင်းသွားလေသည်။ ရှောင်ကျန့် ထွက်လာမှ ရီပေါ် ရေချိုးခန်းထဲ ဝင်သွားသည်။

မီးဖိုချောင်ထဲတွင်

ရွယ်ယိ့က ရောက်နှင့်နေပြီး ဖြစ်တယ်။ ရှောင်ကျန့်က အေပရွန် ဝတ်လိုက်ပြီး ရွယ်ယိ့စီကို လျှောက်လှမ်းသွားလိုက်သည်။

"ရောက်နှင့်နေပြီလား"

"ဟုတ်ကဲ့ ပါးပါး"

ရွယ်ယိ့ ယဥ်ယဥ်ကျေးကျေးဘဲ ပြန်ဖြေလိုက်တယ်။ ဝမ်ရီပေါ်က သူ့ကို အရမ်းအလေးပေးကာ ချစ်ခင်တာကို မျက်မြင်ကိုယ်တွေ့ မြင်နေရသည်မို့။

"စကြတာပေါ့ ဒီနေ့တော့ ရိုးရှင်းတဲ့ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီဘဲ လုပ်ကြတာပေါ့"

Arr Ah Daddy (Complete)Donde viven las historias. Descúbrelo ahora