Part 10(Uni+ Zaw)

20K 1.8K 123
                                    

Arr Ah Daddy
Part 10(Uni)


ဒီနေ့နဲ့ဆို ရှောင်ကျန့်နဲ့ ရီပေါ်တို့ မတွေ့ရတာ ၁ လ ခန့်ရှိပြီ။ ပါတီ ပွဲမှာဘဲ နောက်ဆုံးတွေ့ရခြင်းဖြစ်သည်။ အချိန်တွေက တစ်ရွေ့ရွေ့ ကုန်တာ မြန်လွန်းပါသည်။

ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် သတိရနေတယ် ဆိုတာ ကာယကံရှင်တွေမှ တစ်ပါး သိကြမည် မဟုတ်ပေ။

ဒီနေ့က final exam မို့ ရှောင်ကျန့် တစ်ညလုံးစာကြည့်ပြီး မနက်ကိုလဲ စောစော ထကာ စာပြန်ကြည့်နေခဲ့သည်။

မနက်စာကိုတော့ ပေါင်မုန့်နဲ့ ရေသာ သောက်ပြီး ကျောင်းကို ဘတ်စ်ကားစီးကာ သွားခဲ့သည်။ ပုံမှန်ဆို ပြေးသွားတာ ဖြစ်ပေမဲ့ ဒီနေ့လို စားမေးပွဲနေ့က ချွင်းချက်ပင်။ ရှောင်ကျန့်က စာမေးပွဲရက်တွေဆို အရမ်းကိုဂရု စိုက်သည်။ သူက စကော်လာ ရအောင် ကြိုးစားနေရသည် မဟုတ်ပါလား။

ရှောင်ကျန့် ကျောင်းရောက်တာနဲ့ ကျောင်းအဝင်ဝတွင် ရီလျှို့နဲ့ ရွယ်ယိ့ ကိုတွေ့လေသည်။ ရီလျှို့ကတော့ ရှောင်ကျန့်ကို ကြည့်သာနေပြီး ဘာမှမပြေချေ။ ရွယ်ယိ့က ရှောင်ကျန့်ကို ကြည့်ကာ အောင်နိုင်သူအပြုံးကို ဆင်မြန်းလျှက် ရီလျှို့ လက်ကို ချိတ်ကာ

"ရှောင်ကျန့် ငါတို့ နောက်လထဲမှာ လက်ထက်တော့မှာ"

"............."

ရှောင်ကျန့်က ဘာမှ မပြောပေ။ သူတို့နှစ်ယောက်ကို မပြောင်းလဲသော အမူအရာနဲ့ဘဲ ကြည့်နေလေသည်။ ရွယ်ယိ့က ပြုံးနေသော မျက်နှာ နှင့် ရှောင်ကျန့်ကို ကြည့်ကာ ထပ်ပြောသည်။

"first year ပြီးတော့ ကျောင်းပိတ်ရက်အတွင်း လက်ထက်ဖြစ်မှာလေ ဘာဘဲပြောပြော ရှောင်ကျန့် နင်က ငါ့တို့နှစ်ယောက်စလုံးနဲ့ ရင်းနှီးဆုံး သူငယ်ချင်းတွေလေ ဆက်ဆက်လာရမယ်နော် ဖိတ်စာကို နောက်မှ ပို့ပေးလိုက်မယ်"

ထိုအခါ ရီလျှို့က ရှောင်ကျန့်ကို ကြည့်ပြီး အားနာပုံလား သနားပုံလား မခွဲခြား နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကာ စကားဆိုသည်။

"ရှောင်ကျန့် မင်း မလာချင်လဲ ဘာမှ မဖြစ်ပါဘူး"

ရွယ်ယိ့က ရီလျှို့ကို ကြည့်ကာ ဒေါသထွက်သွားသည်။ အခုတောင် သူမနဲ့ လက်ထက်ဖို့ဖြစ်သွားအောင် သူမ အကြံအစည်တွေနဲ့ အကြပ်ကိုင်ထားရခြင်းဖြစ်သည်။ သူမရဲ့ လျှို့ဝှက်ချက်ကိုတော့ သူမကလွှဲလို့ ဘယ်သူမှ မသိပါ။


Arr Ah Daddy (Complete)Where stories live. Discover now